အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်တဲ့ ထပ်ဆင့် အကယ်ဒမီ ဖွေးဖွေးဟာ follower (၇) သန်းကျော် ရှိတဲ့ သူမရဲ့ fan page ကို ပြန်လည်ရရှိသွားပြီဖြစ်ပါတယ်။ သူမရဲ့ Fan page ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက M4L FamilY အမည်ရ အဖွဲ့တစ်ဖွဲ့ရဲ့ ထိန်းချုပ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

လက်ရှိမှာတော့ ဖွေးဖွေးဟာ သူမရဲ့ Fan page ကို ပြန်လည်ရရှိခဲ့ပြီး သူမရဲ့ page မှာ ယခုလိုရေးသားထားတာ တွေ့ရပါတယ်။

"ဖွေးပြန်လာပါပြီရှင်!

Welcome Back My Darlings

ဖွေးဖွေး Page အား ပြန်လည်ရရှိရေးအတွက် မအားလပ်ကြသည့်ကြားမှ အကူအညီပေးခဲ့ကြသော Bella Cosmetics နှင့်တကွ IT Herosအကိုအမများ၊ ဖွေးရဲ့ Page Admins များ နှင့်တကွ Facebook Team အား ဖွေးနှင့် ဖွေးချစ်ရသော ဖွေးက်ိုချစ်သော ပရိသတ်များအားလုံး မှ လေးစားတန်ဖိုးထားစွာ ကျေးဇူးအထူး လှိုက်လှိုက်လှဲလှဲတင်ရှိပါကြောင်း...။ ။

ပန်းပန်လျှက်

Phway Phway & Admins" ဆိုပြီး ရေးသားခဲ့ပါတယ်။

ယခုလတ်တလောမှာတော့ လူမှုစာမျက်နှာပေါ်မှာ ဖွေးဖွေးရဲ့ ရေးသားချက်အပေါ် မကျေနပ်၍ သူမရဲ့ sexy ဓာတ်ပုံတွေကို ဖြန့်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း တွေ့မြင်နေရပါတယ်။ သို့ပေမယ့် M4L page မှာတော့ ယခုလိုရေးသားဖော်ပြထားပါတယ်။

"Thz u Phwe Phwe

သင်​့ဘက်​က ကတိတည်​ရင်​

ကျွန်​ုပ်​တို့ဘက်​ကလည်​း ကတိတည်​ပါတယ်​။

ဘာပဲဖြစ်​ဖြစ်​အချိန်​ခန​လေးအတွင်​းမှာ Page Admin ကို

ခန်​းမှန်​းကြတဲ့သူ​တွေလည်း မြင်​​တွေ့လိုက်​ရတာ

အလွန်​ဝမ်​းသာပါတယ်​။

သင်​့ info ဆိုတာ မရှိခဲ့​တော့ပါဘူးလို့ သတ်​မှတ်​လိုက်​ပါပြီ။

M4L F4M!1Y

(MAL FAMILY)"

လက်ရှိမှာတော့ ထိပ်တန်းမင်းသမီး သက်မွန်မြင့်ရဲ့ Fan page ဟာ Hacker တွေလက်ထဲရောက်လို့နေပြီး ယခုချိန်ထိ သက်မွန်မြင့်ဖက်က ပြန်တောင်းယူခြင်းမရှိသေးဘူးလို့ သိရပါတယ်။ 

Source: Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။