ပြည်သူချစ်နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီနေတိုးဟာ ပရိတ်သတ်အများအပြားရရှိထားပြီး အောင်မြင်တဲ့ထိပ်တန်းမင်းသားစာရင်းဝင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူရိုက်ကူးထားတဲ့ ရုပ် ရှင်ဇာတ်ကားတွေထဲမှာမှ မကြာခင်ထွက်ရှိတော့မယ် တာတေကြီးဇာတ်ကားဟာ ဆိုရင် ရုံမတင်ခင်ကတည်းက ပရိတ်သတ်တွေကြားမှာရေပန်းစားနေတာဖြစ်ပါတယ်။ အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်တာနဲ့အညီ သရုပ်ဆောင်ပိုင်းမှာပြောစရာမလိုအောင် ပြည့်စုံနေပြီး သားဖြစ်လို့ အထွေအထူးပြောစရာမလိုလောက်အောင် ကောင်းမယ့်ဇာတ်ကားတစ်ကားဖြစ် မှာအသေအချာပါပဲ။

ဒီဇာတ်ကားကို ဒါရိုက်တာဝိုင်းကရိုက်ကူးထားတာဖြစ်ပြီး နေတိုးဟာဘဝနှစ်မျိုးကို သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကလည်းသရဲဇာတ်လမ်းမျိုးဖြစ်တာကြောင့် ထိတ်လန့် ဖွယ်ပုံရိပ်တွေအများအပြားပါဝင်တာကိုတွေ့ရပါတယ်။ မိန်းမလျှာဘဝနဲ့ ယောကျာ်းဘ၀နှစ် ခုကိုသရုပ်ဖော်ထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာဆိုရင်မင်းသားနေတိုးအနေနဲ့ အများကြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစားထားတယ်လို့လည်းဆိုပါတယ်။ အဖက် ဖက်ကကူညီပါဝင်အားဖြည့်ပေးတဲ့ သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း နေတိုး ရဲ့ Facebook Page ကနေပြောကြားထားပါတယ်။

ဒီဇာတ်ကောင်နဲ့ဒီဇာတ်ကောင်ကပေးတဲ့ရသဟာနောက်တစ်ကြိမ်ထပ်မရနိုင်တော့တာကြောင့် လေ့လာမိသလောက် အစွမ်းကုန်ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ ပရိတ်သတ်ကပေးတဲ့ အား တွေနဲ့ ပရိတ်သတ်ကိုဒီထက်မက အင်အားကြီးမားသောအနုပညာတွေကို ဖန်တီးကြိုးစားသွား မယ့် ထာဝရနေတိုးဆိုပြီး သူ့ရဲ့ Facebook Page မှာတင်ထားတာဖြစ်ပါတယ်။ တာတေကြီး ဇာတ်ကား ထဲက နေတိုးရဲ့မိန်းမလျှာဘဝက အလှအပပြင်ဆင်ချယ်မှုန်းမှုတွေကို ပရိတ် သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source - Nay Toe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။