အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင် အနုပညာရှင်တွေဖြစ်ကြသလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဇနီးမောင်နှံတွေထဲမှာ ပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ သားသမီးနှစ်ယောက်နဲ့အတူ ပျော်စရာကောင်းတဲ့ သူတို့ မိသားစုပုံရိပ်လေးတွေဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုများပြားပြီး မကြာခဏဆိုသလို မီဒီယာတွေမှာလည်း ဖော်ပြခြင်းခံရလေ့ရှိပါတယ်။

ယခုတစ်ခါမှာလည်း အူဝဲတို့ မိသားစုကတော့ ာင်းမဖြစ်သူ ခင်ပွန်းပြေတီဦးရဲ့ အမ ပြည်ပကပြန်လာခိုက် မိသားစုညနေစာ လိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။ မငွေတီဦးရဲ့ fb မှာတော့ "မမအူဝဲကျွေးတဲ့ dinner ..အိုအိရှိ.." ဆိုပြီး ရေးသားထားပါတယ်။ ဒီ မိသားစုညနေစာစားပွဲလေးမှာတော့ သူတို့မိသားစုလေးရဲ့ ပျော်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တွေ့ရပြီး ပရိသတ်တွေကတော့ သဘောကျလို့နေပါတယ်။ 

လက်တလောမှာတော့ အူဝဲတစ်ယောက် ကလေးတွေ ကျောင်းဖွင့်ချိန်မို့ ရုပ်ရှင်ရိုက်ကူးမှုတွေရပ်နားထားတယ်လို့ သိရပါတယ်။ ကြော်ငြာတွေ ဓာတ်ပုံတွေပဲ ရိုက်ကူးဖြစ်နေတယ်လို့ သိရပြီး ထူးအောင်နဲ့အတူ "Stanomax" ကြော်ငြာရိုက်ကူးခဲ့တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ......

Photo Source: Ngwe Ti Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။