ယခုလက်တစ်လောမှာတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေဟာသူတို့ရဲ့လူမှုကွန်ယက်Facebookအကောင့်တွေဟက်ခံနေရတဲ့ပြသနာတွေနဲ့ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။

လက်ရှိမှာပရိသတ်အချစ်တော်သက်မွန်မြင့်နဲ့ဖွေဖွေးတို့ရဲ့Facebookအကောင့်တွေဟာHackerအဖွဲ့တစ်ခုရဲ့Cyberတိုက်ခိုက်ခြင်းခံခဲ့ရတာဖြစ်ပြီးပရိသတ်တွေစိတ်ပူခဲ့ကြရတာပဲဖြစ်ပါတယ်။

ယခုတခါမှာလဲပရိသတ်တွေကြားရေးပန်းစားအချစ်တွေတိုးပွားစေခဲ့တဲ့ချစ်စရာသမီးလေးခေတ်နဲ့သစ်တို့ရဲ့မေမေသရုပ်ဆောင်ချစ်သုဝေဟာချစ်စရာကောင်းတဲ့သမီးလေး(၂)ယောက်ရဲ့

ပုံရိပ်လေးတွေကိုပရိသတ်တွေဆီမျှဝေပေးလျက်ရှိတဲ့Facebookအကောင့်လေးနဲ့ပတ်သက်ပြီးဟက်ဖို့ကြိုးစားနေတဲ့သူတွေကိုကြိုတင်တောင်းပန်စကားဆိုလိုက်တာပဲဖြစ်ပါတယ်။

ပရိသတ်တွေဆီခေတ်နဲ့သစ်ရဲ့ချစ်စရာပုံရိပ်လေးတွေမျှဝေပေးလျက်ရှိတဲ့မေမေချစ်သုဝေလက်ရှိသုံးနေတဲ့အကောင့်လေးဟာအခုနောက်ပိုင်းအမြဲတမ်းလိုလိုသတိပေးတဲ့ResetCodeတွေဝင်နေတယ်လို့သိရပါတယ်။

ချစ်သုဝေရဲ့အကောင့်လေးဟာFollower(၈)သိန်းကျော်ရှိနေပြီးသူမရဲ့ပျော်ရွှင်စရာမိသားစုပုံရိပ်လေးတွေမျှဝေပေးနေတဲ့မိသားစုအကောင့်လေးပဲဖြစ်ပါတယ်။

ဒီအကောင့်လေးကိုခဏခဏဟက်ဖို့ကြိုးစားနေကြလို့ခုလိုResetCodeတွေဝင်နေတာလားမသိဘူးလို့ဆိုပါတယ်။

ချစ်သုဝေဟာဒီaccountလေးမှာချစ်စရာသမီးလေး၂ယောက်ရဲ့မွေးစထဲကအမှတ်တရပုံရိပ်လေးတွေတင်ပြီးသိမ်းထားတာဖြစ်လို့ပျောက်ပျက်သွားမှာအရမ်းကိုစိုးရိမ်နေတာပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလဲဟက်ဖို့ကြိုးစားနေတဲ့သူတွေကိုတောင်းပန်စကားလေးရေးသားခဲ့တာပဲဖြစ်ပါတယ်။

သူမဟာ"ကလေး၂ယောက်အမေပါနော်မိသားစုဘဝလေးကိုပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းချမ်းသာသာပဲလိုချင်လို့အေးဆေးပဲနေနေတာပါနော်အနုပညာအလုပ်ကိုလည်းဖြည်းဖြည်းအေးအေးလေးနဲ့စိတ်ချမ်းသာစွာလုပ်ပါတယ်နော်,

ကျန်တာထွေထွေထူးထူးစိတ်ဝင်စားစရာမရှိပါဘူးနော်,ဒီaccountလေးတစ်ခုပဲသုံးပြီးဒီaccountလေးထဲမှာသမီးလေး၂ယောက်မွေးစကစလို့အမှတ်တရဓါတ်ပုံတွေတင်သိမ်းတာမို့ပါ,ဒီaccountလေးကိုခဏခဏhackဖို့ကြိုးစားနေကြတာလားမသိဘူးအမြဲတမ်းသတိပေးပြီးreset codeတွေဝင်နေတယ်,

သူများစိတ်ဆင်းရဲမှ စိတ်ချမ်းသာကြမယ်ဆိုလည်းလုပ်ပါနော်;(ကိုယ်က အစကတည်းကမှ ITနဲ့ ပတ်သက်ရင် ညံ့မှညံ့"ဆိုပြီးသူမရဲ့လူမှုကွန်ယက်မှာရေးသားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာချစ်သုဝေတို့ရဲ့အေးချမ်းတဲ့မိသားစုလေးရဲ့ချစ်ပရိသတ်တွေကလဲအရမ်းကိုစိတ်ပူနေကြတာပဲဖြစ်ပါတယ်။

ဟက်ဖို့ကြိုးစားနေတဲ့သူတွေကိုချစ်သုဝေတို့မိသားစုလေးကိုယ်စားမဟက်ဖို့တောင်းပန်ပေးနေကြတာပဲဖြစ်ပါတယ်။။

သတင်းအရင်းအမြစ် - ချစ်သုဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။