မော်ဒယ်မလေး မေရတီဇော်ကတော့ မွေးနေ့မှာ ချစ်သူဆီက ပျော်ရွှင်စေခဲ့တဲ့ လက်ဆောင်လေးတစ်ခု ရခဲ့ပါတယ်တဲ့ ။

လိုချင်တယ်လို့ ပူဆာခဲ့ပေမယ့် တန်ဖိုးကြီးလို့ မဝယ်ပေးဘူးလို့ ထင်ခဲ့တာကို တကယ် ၀ယ်ပေးလို့ အရမ်းပျော်တယ်လို့ သူမက ဆိုခဲ့တာပါ ။ 

" တစ်ဦးတည်းသောconnexion သို့

ဒီနှစ်Birthdayအရမ်းပျော်တယ်ဝေး နေချင်တဲ့နေရာလေးမှာနေချင်တဲ့အခန်းရအောင်ဝယ်ပေးပြီးBirthday presents ပေးတဲ့အတွတ်ကျေးဇူးအထူးပါ

ပူဆာမိတာကတန်ဖိုးကြီးလွန်းတော့ဖြည့်စည်းပေးမယ်မထင်ခဲ့မိဝူး

နောက်ဆိုများကြီးလိမ်မာပြီးစကားလည်းနားထောင်ပါ

မယ် မနေ့က Birthday wishလုပ်ပေးကြတဲ့ မီးရဲ့ ကျော် ကိုကို/မမ/ဦးဦး/ညီမလေး/အန်တီအားလုံးကိုကျေးဇူးအထူးပါလို့ " သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ကျေးဇူးတင်စကား ဆိုခဲ့ပါတယ် ။

မေရတီဇော်ဟာ လူကြိုက်များတဲ့ တတ်သစ်စမော်ဒယ်တစ်ဦးဖြစ်ပြီး ဘိုဆန်တဲ့မျက်နှာလေးက သူမရဲ့ ထူးခြားချက်ပါ ။ MTV များစွာမှာ ၀င်ရောက်သရုပ်ဆောင်ထားပြီး ခုနောက်ဆုံးထွက်ရှိထားတဲ့ ဝေလ ရဲ့ " လွယ်လွယ်လေး ရခဲ့တော့ " သီချင်း MTV ထဲက သူမရဲ့ သရုပ်ဆောင်မှုတွေကို ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်လို့နေကြပါတယ် ။ Myanmarload ပရိတ်သတ်ကြီးထဲမှာရော မေရတီဇော်ကို အားပေးတဲ့သူတွေရှိကြလား ?

သတင်းအရင်းမြစ် May Yati Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။