စာရေးဆရာမ မာရင်ရင်ဆိုတာ လူတွေကို စိတ်အားတက်ကြွစေမယ့် စာလေးတွေ ၊ လူသဘော သဘာဝအကြောင်းစာလေးတွေ ရေးတဲ့ နာမည်ကြီးစာရေးဆရာမတစ်ယောက်ပါ ။ သူဟာ ဖွေးဖွေးရဲ့ ငယ်သူငယ်ချင်းလဲဖြစ်ပြန်ပါသေးတယ် ။ ဖွေးဖွေးကို အွန်လိုင်းပေါ်ကတိုက်ခိုက်သူတွေရှိလာတဲ့အခါ ဖွေးဖွေးရဲ့ ပရိတ်သတ်တွေနဲ့ အွန်လိုင်းသုံးစွဲသူအများအပြားဟာ ဖွေးဖွေးကို ၀ုိင်းဝန်း ၀န်းရံပေးခဲ့ကြပါတယ် ။ ဒီထဲမှာ ဆရာမ မာရင်ရင်လဲ အပါအဝင်ပါ ။ မာရင်ရင်က သူသိတဲ့ ဖွေးဖွေးရဲ့ အကြောင်းကို အောက်ပါအတိုင်း ပြောပြထားပါတယ် ။ 

" လူတစ်ယောက်ရဲ့ ဘယ်အကြောင်းကိုမဆို

ကိုယ့်မျက်စိနဲ့တိုက်ရိုက် မမြင်ရမချင်း မဝေဖန်တာ အကောင်းဆုံး ၊ ကိုယ့်မသိလိုက်တဲ့ သူများပြောတဲ့ သူများအကြောင်းကို ချဲ့ကားတာထက် ကောင်းကြောင်းလေးကို ပုံကြီးချဲ့ကြတာ ပိုမကောင်းဘူးလား ။

မှတ်မိသေးတယ် ၂ လပိုင်းတုန်းက

ကိုယ့်မှာ လူမဆန်သူကြောင့် လူမှုရေးနဲ့ စီးပွားရေးကြောင့် ကိုယ်စိတ်ဓါတ်တွေကျပြီး Account ရော Page ပါ Deactivate လုပ်ပစ်လိုက်ရတဲ့အချိန် .... ၂ပတ် ထမင်းမစားနိုင်ပဲ လုပ်ငန်းရပ်လိုက်ရတော့မယ် အချိန် ....

သူငယ်ချင်းရယ် ငါအရမ်းစိတ်ညစ်တာပဲလို့ ပြောမိတော့ နောက်နေ့ သူချက်ချင်း အချိန်ပေးပြီး ကိုယ့်ကို မုန့်လိုက်ကျွေးရင်း ကိုယ့်ကို စိတ်ဖြေပေးတယ် ။

ကိုယ့်ကို မှန်တစ်ချပ်ထောင်ပြပြီး ဟဲ့ မာရင်ရင်ဆိုပြီး ရိုက်နှက် အသိပေးလိုက်သလိုပဲ ။

တကယ်က သူထွေထွေထူးထူး ဘာမှ မပြောလိုက်ပါဘူး ။

ဒါပေမယ့် Point လေးတွေ ထောက်ပြလိုက်ချိန်မှာ ကိုယ့်ကိုယုတ်မာကြတဲ့ သူတွေကိုပါ ကိုယ်လျစ်လျူရှုလို့ရသွားတယ် ။

စိတ်ထဲမှာလည်း ခံစားရပေါ့သွားတယ် ။

အဓိကက သူ့ရဲ့ စိတ်ထားတတ်ပုံနဲ့ ကိုယ်ပြန်ဆင်ခြင်လိုက်မိသွားတာ ။

အဲ့ဒီနေ့က ကိုယ်အသိမှတ်ပြု ထုတ်ပြောမိတာ တစ်ခုရှိတယ် ။

ငါစာတွေသာရေးနေတာ နင့်လိုမတွေးတတ်သေးဘူးလို့ ။

တကယ်ပါ သူပြောတဲ့အပြော သူပေးတဲ့အားတွေက ဘာမှတော့မဟုတ်ဘူး သူ့စိတ်ကလေးတွေ ရင့်ကျက်ကြောင်းပြသွားတယ် ။

ပြန်ဆုံတဲ့အခါတိုင်း တစ်ခါတစ်လေ သူ့ကိုတိုက်ခိုက်ကြတာကြုံတာတွေမှာ သူဘာမှ မတုန့်ပြန်ပဲ အနေထိုင်သိမ့်မွေ့ပြီး လျစ်လျူရှုနိုင်တာ တော်ရုံစိတ်မဟုတ်ဘူး ။ တကယ်လည်း သူ့ကိုဘာပဲ လုပ်လုပ် သူ့အလုပ်ကလွဲရင် အတင်းအနေနဲ့တောင် ထုတ်မပြောတတ်သူ ။

အတူဆုံချိန်မှာ ဘယ်သူ့ကိစ္စမှ မပြောပဲ မုန့်နဲ့ အခြားအကြောင်းတွေသာ ပြောနေတတ်တဲ့သူ ။

အပြင်သွားမုန့်စားရင်ကအစ အဝတ်စားဝတ်ရင် သူသေချာရွေးတယ် အမြဲတမ်းပြောတဲ့စကားလေးက ငါဝတ်တာကြည့်ပြီး လူငယ်ကလေးလေးတွေ အတုယူကြရင် မကောင်းဘူးတဲ့ ။

အဲ့ဒါ ကိုယ်သိထားတဲ့ သူ့စိတ်ပဲ ။

ဘာပဲဖြစ်ဖြစ် ချစ်ရတယ် ။

ကိုယ်တွေပေါင်းတာက စိတ် လူကိုပေါင်းတာမဟုတ်တော့ ဘယ်သူဘာပြောပြော ချစ်တာပဲ ။

ဟုတ်သည်ဖြစ်စေ မဟုတ်ဘူးဖြစ်စေ ဘာကြီးဖြစ်ဖြစ် သူ့ကောင်းကွက်ပဲ ကိုယ်မြင်တယ်။

ဘာပဲဖြစ်ဖြစ် သူဟာကိုယ့်ထက် အသိဉာဏ်ပိုင်းမှာရော အဘက်ဘက်မှာ ထူးချွန်ပြီး တော်တဲ့သူ ။

ကျောင်းတက်တုန်းက စိတ်ကလေးပြောပြရမလား ။

ကိုယ့်အိမ်က မုန့်ဘိုးနည်းနည်းပဲ အိမ်ကပေးတဲ့အချိန် မုန့်စားဆင်းချိန်မှာ ကိုယ်မုန့်ဘိုးမပါလာခဲ့ရင်တောင် မြိုင်ဟေဝန် ဘာဂါအသေးလေးနဲ့ တစ်ယောက်တစ်ဝက်ဖဲ့ကျွေးပြီး ကိုလာတစ်ထုတ် တစ်ယောက်တစ်ဝက်သောက်ပြီး ပေါင်းလာခဲ့တဲ့သူ ။ နှစ်ယောက်စလုံး လွယ်အိတ်မှောက်ပြီး ရှိတာလေးပေါင်းစားပြီး ရယ်ခဲ့မောခဲ့ ပေါင်းလာခဲ့တဲ့ ဘာဟန် ဘာပကာသနမှ မရှိတဲ့သူ ။

သူ့ကိုသူများ ဘာလုပ်လုပ် ကိုယ်က ဝင်ဝင်ပါလွန်းလို့ အမုန်းခံပြီး မုဆိုးတစ်ပိုင်းမိန်းမရိုင်းလို့တောင် အပြောခံခဲ့ရအောင် သူကဘာမှ သိပ်မတုန့်ပြန်တတ်တာ ။

ပကာသနမရှိပဲ ဘာမှမဟုတ်တဲ့ ကိုယ့်ကို ခင်မင်စွာပေါင်းပြီး တူတူပေါ တူူတူသွားလာခဲ့ကြတဲ့သူတွေ ။

ကိုယ်နဲ့ရင်းနှီးသူမို့ သူဘာကောင်းတယ် ညာကောင်းတယ် ပြောရင် အချင်းချင်းပင်းတယ်ဖြစ်မယ် ။

ဘာပဲပြောပြော သူကိုယ့်ထက် အများကြီးတော်တယ် ကိုယ်တောင် ပြန်အတုယူပြီး ပြင်စရာတွေ အများကြီးရှိပြီး ကျိတ်ပြီး စံထားရတဲ့သူ။ သူ့တောင်မပြောဖြစ်တာလေးတွေ ခုမှ ထုတ်ပြောရတယ် ။

ချစ်တယ်

ဓါတ်ပုံလေးတွေကတော့ ကိုယ်ခိုးရိုက်ထားတာလေးတွေ " တဲ့ ။

ဖွေးဖွေးရဲ့ အနီးကပ် သူငယ်ချင်းကပြောပြတဲ့ အကြောင်းတွေပါ ။ ဒါကြောင့်မို့လည်း ဖွေးဖွေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်နေခဲ့တာပေါ့ ။

သရုပ်ဆောင်ပိုင်းနဲ့ ပါတ်သတ်ပြီး ချီးကျူးမှုများစွာကို ခံယူရရှိထားတဲ့ အကယ်ဒမီမင်းသမီးလေး ဖွေးဖွေး ကို ၀န်းရံလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ ...  

သတင်းအရင်းမြစ် Mar Yin Yin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။