ထိုင်း နိုင်ငံမှာ မွေးဖွား ခဲ့ပြီး တရုတ်ပြည် မျိးနွယ်စု မှ ဆင်းသက်လာသူ မင်းသမီး လေးကတော့ Sushar Manaying ပါ။ သူမ ရဲ့ nickname ကတော့ Aom ပါ။ သူမဟာ ၂၀၁၀ မှာ ရိုက်ကူးခဲ့တဲ့ အချစ်ဇာတ်လမ်းလေး Yes or No မှာ ခေါင်းဆောင်မင်းသမီး အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီ့ ဇာတ်ကားလေးနဲ့ ပဲ သူမဟာ အာရှတစ်ခွင် ထင်ရှားကျော်ကြားလာခဲ့ပါတယ်။

ကိုရီးယား ဇာတ်လမ်းတွဲ Full House ကို ထိုင်းရုပ်ရှင် ပြန်ရိုက်ထားတဲ့ ဇာတ်ကားမှာ လည်း သူမပါ၀င်သရုပ်ဆောင်ထားပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာသွင်ပြင်၊ ဟန်ပန် အမူအရာလေးတွေ ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပါ။ အရမ်းကို ချစ်စရာကောင်းပြီး သရုပ်ဆောင်လည်း ပီပြင်သူတစ်ယောက်ပါ။ Kiss Me ဆိုတဲ့ ဇာတ်လမ်းလေးမှာလဲ သရုပ်ဆောင်ထားပါတယ်။

ဂျပန်ရုပ်ရှင်ဖြစ်တဲ့ Itazura na Kiss ဆိုတဲ့ ဇာတ်ကားကို ထိုင်း ရုပ်ရှင်ပြန်ရိုက်ရာမှာ လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီ့ ရုပ်ရှင် ကတော့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ ရိုက်ကူးခဲ့တာပါ။ သူမ ဟာ လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ Instagram မှာလည်း followers ပေါင်း ၂.၉ သန်း ရှိပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီးလေးဖြစ်တာကြောင့် ပရိသတ်တွေ သဲသဲလှုပ် မင်းသမီးလေးပါ။

Source: Thai Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။