တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာပြည်ကို မကြာခင်လာရောက်တော့မယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Francis) ဟာ နိုဝင်ဘာလ ၃၀ရက်နေ့မှာ တွေ့ဆုံ စကားပြောမယ်လို့ ဗာတီကန်နန်းတော်က ထပ်မံကြေငြာထားပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မူလ အစီအစဉ်မှာ အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို တွေ့ဆုံဖု့ိမရှိပဲ အခုမှ ထပ်မံထည့်သွင်းခဲ့တာဖြစ်တယ်လို့လည်း ဗါတီကန်ပြောခွင့်ရပုဂ္ဂိုလ် Greg Burke ဂရက် ဘာ့ခ် ကပြောပါတယ်။

ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်မောင်ဘိုက အကြံပြုခဲ့တာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံမှု ပြုလုပ်ရန် အကြံပြုခဲ့ပြီး နှစ်ဦးလုံးက တွေ့ဆုံဖို့ လက်ခံခဲ့ကြပါတယ်။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် နိုဝင်ဘာ ၂၈ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံမည် ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း သွားရောက်ပြီး ရိုဟင်ဂျာမွတ်စလင် တချို့နဲ့ ဒါကာမြို့ မှာ တွေ့ဆုံ မှာ ဖြစ်ပါတယ်။

Source – RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။