လူကြီးလူငယ်မရွေး ချောကလက်ကိုကြိုက်နှစ်သက်ကြမှာပါ။သူ့ရဲ့ထူးကဲတဲ့အရသာကြောင့် ချောကလက်ကိုမကြိုက်တဲ့သူရှားပါတယ်။ဒါကြောင့် ချောကလက်ရဲ့သမိုင်းကြောင်းနဲ့ ချောကလက်ဖြစ်ပေါ်လာပုံတို့ကို ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်နော်။ ချောကလက်ရဲ့ သိပ္ပံအမည်ကတော့ “The Theobroma ကိုကိုးပင် ” လို့ခေါ်ပါတယ်။ Theobroma ဆိုတာ ဂရိဘာသာစကားအရ “အစားအစာတို့ရဲ့ နတ်ဘုရား “လို့အဓိပ္ပါယ်ရပါတယ်။ ဒီအပင်ကို့ တောင်အမေရိကတိုက် အမေဇုန်ဒေမှာစတင်တွေ့ရှိခဲ့တာပါ။ကိုကိုးအပင်ကနေသီးလာတဲ့ လလက်တစ်ဝါးစာ အသီးအတာင့်လေးတွေထဲမှာကိုကိုးအစေ့လေးတွေပါ၀င်ပီး ထိုအစေ့လေးတွေဟာချောကလက်ကိုထုတ်လုပ်ဖို့အတွက်အဓိကကုန်ကြမ်းပဲဖြစ်ပါတယ်။

ကိုကိုးအစေ့လေးတွေကို 1000 B.C မှာအစောဆုံးအသုံးပြုခဲ့ကြပီး၊ အာ့ဒီနောက်ပိုင်းမှာ Mayan လူမျိုးနဲ့Aztec လူမျိုးတွေဟာ အရသာရှိစေရန်အတွက် ငရုတ်ကောင်းမှုန့်အပြင် အခြားသောအမွှေးအကြိုင်များနှင့်ရောနှောကာဖျော်ရည်အဖြစ်သောက်သုံးခဲ့ကြပါတယ်။ယခုလိုရောနှောထားတဲ့ ချောကလက်တစ်ခွက်ကိုသောက်သုံးခြင်းဟာ Mayanလူမျိုးတွေရဲ့ လက်ထပ်မင်္ဂလာအခမ်းအနားတွေထဲမှာအရေးပါတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ခဲ့ပါတယ်။Aztec လူမျိုးတွေကတော့ချောကလက်ကိုစားသုံးခြင်းဖြင့် ဖျားနာတာတွေ၊၀မ်းလျောတာတွေကိုပျောက်ကင်းသက်သာစေတယ်လို့ယုံကြည်ခဲ့ကြပါတယ်။

၁၅၀၀ခုနှစ်အစောပိုင်းနှစ်များမှာတော့ နယ်မြေသစ်ရှာဖွေသူ စပိန်နိုင်ငံသား ကိုလံဘတ်ဟာ သူ့ရဲ့လေးကြိမ်မြောက်ရေကြောင်းခရီးရှည်အဖြစ် Atlanticသမုဒ္ဒ ရာကိုဖြတ်ကျော်ခဲ့ပီး ဟွန်ဒူးရပ်စ် ကမ်းခြေကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီကိုရောက်ရှိိပီးနောက် သူဟာ ကိုကိုးအစေ့တွေရဲ့အသုံးဝင်ပုံကို ပထမဦးဆုံးအကြိမ်ရှာဖွေတွေ့ရှိခဲ့ပါတယ်။၁၆ရာစုအရောက်မှာ နယ်မြေသစ်ရှာဖွေသူတစ်ဦးဖြစ်တဲ့ စပိန်နိုင်ငံသား ဟာနန်ဒို ကော့တက်ဇ်ဆိုသူဟာ စပိန်နိုင်ငံကို ချောကလက်တွေယူဆောင်သွားခဲ့ပါတယ်။ စပိန်လူမျိုးတွေဟာ ချောကလက်အရသာကို ချိုမြိန်စေရန်အတွက် သကြားအပြင်သစ်ခွအရည်တို့ဖြင့်ပေါင်းစပ်ကာဖန်တီးခဲ့ကြပါတယ်။

အဆိုပါနည်းပညာဟာ ၁၇၇ာစုအစမှာပြင်သစ်နိုင်ငံသို့ပြန့်နှံ့သွားပီး ထိုမှတဆင့် ဥရောပတိုက်နှင့် အမေရိကတိုကများအထိဗရာက်ရှိသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ချောကလက်ကို လူကြိုက်ပိုများလာတဲ့အတွက် အာဖရိိကတိုက်တွင်ကိုကိုးပင်များကိုစိုက်ပျိုးရန် ကျွန်အလုပ်သမားမျာကိုဝယ်ယူပီး ခိုင်းစေခဲ့ပါတယ်။ယခုအချိန်မှာတော့ ကမ္ဘာ့လုံးဆိုင်ရာ ကိုကိုးစေ့ထုတ်လုပ်မှုနှုန်းရဲ့၁၇ရာခိုင်နှုန်းဟာ အာဖရိကတိုက်မှထွက်ရှိနေတာဖြစ်ပီး နိုင်ငံအများအပြားသို့တင်သွင်းနေပီပဲဖြစ်ပါတယ်။

Source: Internet  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။