ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ကစားခဲ့ပါတယ်။ အုပ်စုအေမှာတော့ မန်ယူဟာ ဘေဆယ်နှင့်ကစားခဲ့ရပါတယ်။ ဘေဆယ်၏အိမ်ကွင်းမှာ ယူနိုင်တက်တို့ ကစားခဲ့တာပါ။ မန်ယူကတော့ ပထမအကျော့မှာ ဘေဆယ်ကို အနိုင်ရထားပါတယ်။

မန်ယူကတော့ ဒီပွဲမှာ လူစာရင်း အနည်းငယ်ပြောင်းလဲ့ခဲ့ပါတယ်။ ပေါ့ဘာကပွဲထွက်လာပြီး ဖယ်လိုင်နီ ဟာရဲရားတို့ ပါခဲ့ပါတယ်။ ဂိုးသမားနေရာကိုတော့ မော်ရင်ဟို ပြောင်းလဲ့ခဲ့ပါတယ်။ ဒီဂီယာနေရာမှာ ရိုမဲရိုးကို ပွဲထုတ်ခဲ့တာပါ။ 

နောက်တန်းမှာလည်း အပြောင်းအလဲတွေအဖြစ် ဘလင်းအပြင် ဒဏ်ရာကသက်သာလာတဲ့ ရိုဟိုပါ၀င်လာပါတယ်။ ပွဲစတယ်ဆိုတာနှင့် နှစ်ဘက်လုံး ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ သို့သော် မန်ချက်စတာယူနိုင်တက်အနေဖြင့်ကံမကောင်းခဲ့ပါဘူး။ ဘေဆယ်တို့က ပွဲပြီးခါနီး ၈၈မိနစ်မှာ မိုက်တယ်လန်းက အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူတို့ ၀-၁ ဘေဆယ် ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။