မိတ်ကပ်မထက်တစ်ယောက်ရိုက်ကွင်းပေါ်မှာအလန်းကြီးလန်းနေပါတယ်။ MRTV 4 ကတင် ဆက်တဲ့ Make me Beautiful အစီအစဉ်ကိုရိုက်ကူးနေကြတာဖြစ်ပြီးခပ်မိုက်မိုက်ပုံစံလေး တွေနဲ့ ကြွေချင်စရာ ကောင်းလှပါတယ်။ Beauty Blogger နေခြည်ဦး၊ မိတ်ကပ်လင်းလင်းနဲ့ မထက်တို့သုံးယောက်လုံး ပါဝင်တင်ဆက်နေတာဖြစ်လို့ အမိုက်စားအစီအစဉ်လေးဖြစ်မှာ အ သေအချာပါပဲ။ ပရိတ်သတ်ကြီး အစီအစဉ်လာတာနဲ့ TV ရှေ့က မထတမ်းအားပေးလိုက်ပါ ဦးနော်။ သူမတို့သုံးဦးစလုံးဟာ ကိုယ်ကျွမ်း ကျင်ရာ အလှအပဆိုင်ရာ နယ်ပယ်အသီးသီး မှာ နေရာကိုယ်စီရရှိပြီး ပရိတ်သတ်လက်ခံတဲ့ အလှဖန် တီးရှင်တွေဖြစ်ကြပါတယ်။

သုံးယောက်လုံးကအလန်းစားတွေချည်းပဲမို့ ပြောနေစရာမလိုတော့အောင်ကောင်းတဲ့အစီ အစဉ်တစ်ခု ဖြစ်မှာအသေအချာပါပဲ။ မထက်ကဂါဝန်အရှည်ကိုဝတ်ဆင်ထားပြီး သူမရဲ့ သွယ်လျလျခန္တာကိုယ်ပေါ် မှာအလန်းစားနေရာယူလို့ထားပါတယ်။ အလှအပဆိုင်ရာ မှာ ကျွမ်းကျင်သူတွေဖြစ်တာနဲ့အညီ ဘယ်နေရာမှာ ဘယ်လိုဝတ်စားပြင်ဆင်ရမယ်ဆိုတာ ကို သဘောပေါက်နားလည်ပြီး အလှဆုံးနဲ့ အကျော့ရှင်းဆုံးပြင်ဆင်ထားပုံတွေကမြင်သူ တိုင်းငေးရလောက်အောင် လိုက်ဖက်လွန်းပါတယ်။

Beauty Blogger နဲ့ Makeup Artist တို့သုံးယောက်လုံးကတော့ ပြောစရာမလိုအောင်လှပြီး သားသူတွေပါ။ ချီချီလို့ပရိတ်သတ်တွေကချစ်စနိုးခေါ်တဲ့ နေခြည်ဦးရယ် မိတ်ကပ်လင်းလင်း ရယ် မိတ်ကပ်မထက်ရယ် သုံးယောက်ပေါင်းအလန်းစားပုံတွေကတော့ မြင်သူတွေစွဲမက် လောက်ဖွယ် အလှတရားတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလိုအလှအပတွေကို ပရိတ်သတ် ကြီး မလွတ်သွားရလေ အောင် ပြန်လည်တင်ဆက်ပေးလိုက်ပါနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။