ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ကစားခဲ့ပါတယ်။ အုပ်စုအေမှာတော့ မန်ယူဟာ ဘေဆယ်နှင့်ကစားခဲ့ရပါတယ်။ ဘေဆယ်၏အိမ်ကွင်းမှာ ယူနိုင်တက်တို့ ကစားခဲ့တာပါ။ မန်ယူကတော့ ပထမအကျော့မှာ ဘေဆယ်ကို အနိုင်ရထားပါတယ်။

ပွဲစတယ်ဆိုတာနှင့် နှစ်ဘက်လုံး ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ သို့သော် မန်ချက်စတာယူနိုင်တက်အနေဖြင့်ကံမကောင်းခဲ့ပါဘူး။ ဘေဆယ်တို့က ပွဲပြီးခါနီး ၈၈မိနစ်မှာ မိုက်တယ်လန်းက အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူတို့ ၀-၁ ဘေဆယ် ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့ကြောင့် ပွဲအပြီးမှာ မန်ယူအသင်းသားတွေကို ဖာဒီနန်က အပြစ်တင်ခဲ့ပါတယ်။ ဖာဒီနန်က “ဟိုဆေးမော်ရင်ဟို ရဲ့ အသင်းနဲ့ ပတ်သက်ပြီး စိတ်ကျေနပ် စရာမရှိပါဘူး ။ ဒုတိယပိုင်းမှာ အသင်းက စုစည်း မှု မရှိခဲ့သလို ပရော်ဖက်ရှင်နယ် လည်း မဆန်ခဲ့ပါဘူး ။ ပြိုင်ဘက် ရဲ့ တိုက်စစ်တွေက ဆက်တိုက် ဆက်တိုက် ၀င်လာတဲ့အခါမှာ ကိုယ့်အခြေအနေကို သဘောပေါက်ဖို့ လိုအပ်ပါတယ် ။ ဘယ်သူကမှ ရှုံးနိမ့်တာကို မကြိုက် သလို ရှုံးနိမ့်ပြီး နာကျင်ခံစားရတာကိုလည်း လိုချင်မှာမဟုတ်ပါဘူး ။ ယူနိုက်တက် ဟာ ပထမပိုင်းမှာ ကစားပုံ ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်းအထိ ပြိုင်ဘက် အသင်းကို အနိုင် ကစားဖို့ အခွင့်အရေးပေးနေတာ မဖြစ်သင့်ပါဘူး ။ ယူနိုက်တက် ကစားသမားတွေအနေနဲ့ သူတို့ ယူထားရတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ရမှာပါ”လို့ပြောကြားခဲ့တာပါ။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။