ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ကစားခဲ့ပါတယ်။ အင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီးက ကွာရာဘတ်နှင့်ကစားခဲ့ပါတယ်။ ကွာရာဘတ်တို့၏အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တာပါ။ နှစ်သင်းစလုံးကတော့ လူအင်အားတောင့်တင်းစွာနဲ့ ပွဲထွက်လာခဲ့ပါတယ်။ 

ချယ်ဆီးအသင်းအနေဖြင် ့ပွဲစတာနဲ့ ဖိကစားခဲ့ပါတယ်။ ပွဲချိန် 19 မိနစ်မှာ ပင်နယ်တီဧရိယာထဲမှာ ကွာရာဘတ် အသင်း နောက်ခံလူ ဆာဒီဂေါ့ဗ် တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရပါတယ် ။ ရရှိလာတဲ့ ပင်နယ်တီကို ဟာဇက်ကသွင်းခဲ့ပါတယ်။ ထို့နောက် ချယ်ဆီးတို့ ဦးဆောင်ဂိုးနောက်တစ်ဂိုးရရှိခဲ့ပါတယ်။ အဆိုပါ ဂိုးကို ဟာဇက်ရဲ့ပေးပို့မှုကနေ ၀ီလီယံက သွင်းခဲ့ပါတယ်။

ချယ်ဆီးအတွက် တတိယမြောက်ဂိုးကို ပွဲချိန် ရ၃မိနစ်မှာ ထပ်မံရရှိခဲ့ပါတယ်။ အဆိုပါဂိုးကို ပင်နယ်တီကတစ်ဆင့် ဖာဘရီဂတ်စ်က သွင်းခဲ့တာပါ။ ပွဲပြီးခါနီးမှာတော့ ၀ီလီယံက ချယ်ဆီးအတွက် အပိတ်ဂိုးကို သွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာ ချယ်ဆီးက ၄-၀ ရလဒ်ဖြင့် ကွာရာဘတ်ကို အနိုင်ရခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။