ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ကစားခဲ့ပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီက ဆဲလ်တစ်နှင့် ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီတို့ အိမ်ကွင်းမှာ ကန်ခဲ့တာပါ။ နှစ်သင်းစလုံးကတော့ လူအင်အားတောင့်တင်းစွာနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစစခြင်းမှာပဲ ဆဲလ်တစ်တို့ ဂိုးရရှိခဲ့ပါတယ်။ အဆိုပါဂိုးကို ဒမ်ဘီလီက ဘောလုံးက ထောင့်ကန်ဘောကထွက်လာတာကနေ အပြင်းကန်သွင်းခဲ့တာပါ။  

သို့သော် ဆဲလ်တစ်တို့၏ အနိုင်က မကြာရှည်ခဲ့ပါဘူး။ ပီအက်စ်ဂျီ်က ဂိုးပေးပြီးရနောက်မှာ တိုက်စစ်အလွန်ဖိကစားခဲ့ပါတယ်။ ပွဲကစားချိန် ၉မိနစ်မှာ နေမာက ပီအက်စ်ဂျီအတွက်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဆက်လက်၍ ပီအက်စ်ဂျီအတွက် အနိုင်ဂိုးများကို နေမာ၊ ကာဗာနီ ၊ ဘာပေး ၊ အဲလ်ဗက်စ်နှင့်ဗာရက်တီတို့က အသီးသီးသွင်းခဲ့ပါတယ်။ နေမာနှင့်ကာဗာနီတို့ကတော့ တစ်ယောက် ၂ဂိုးစီသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွအပြီးမှာတော့ ပီအကစ်ဂျီက ရ-၁ ဂိုးဖြင့်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဆဲလ်တစ်အသင်းကို (၇-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လက်ရှိဘောလုံးရာသီချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)အပြီးတွင် PSG အသင်းသည်ချန်ပီယံလိဂ်စံချိန်မှတ်တမ်းများ ပိုင်ဆိုင်ခဲ့သည်။PSG အသင်းသည် အုပ်စုပွဲစဉ်(၅)အပြီးတွင် သွင်းဂိုး (၂၄)ဂိုးအထိရှိလာခဲ့ပြီးချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဆင့်၌ ဂိုးအများဆုံးသွင်းယူနိုင်သောစံချိန်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင်အုပ်စုအဆင့်၌ဂိုးအများဆုံးသွင်းယူနိုင်သည့်အသင်းအဖြစ်ပြီးခဲ့သည့်ဘောလုံးရာသီတွင် (၂၁)ဂိုးသွင်းယူနိုင်ခဲ့သည့် ဒေါ့မွန်အသင်းရပ်တည်ခဲ့သည်။ထို့ပြင် PSG အသင်းသည်လာမည့်အုပ်စုနောက်ဆုံးပွဲတွင် အနိုင်ရရှိခဲ့ပါကအုပ်စုပွဲစဉ်အားလုံး ရာနှုန်းပြည့်အနိုင်ရရှိသည့်မှတ်တမ်းကိုပိုင်ဆိုင်မည်ဖြစ်သလိုအုပ်စုပွဲစဉ်အားလုံးအနိုင်ရရှိပြီးဂိုးကွာခြားချက်အများဆုံး စွမ်းဆောင်နိုင်သောအသင်းအဖြစ်မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။