ရုပ်ရှင်သရုပ်ဆောင် နေမင်းတစ်ယောက် မနေ့ညက(နို၀င်ဘာလ(၂၂)ရက်) နေ့က ကားတိုက်မှုဆိုးဆိုးရွားရွားဖြစ်ခဲ့ပေမယ့် လူကတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီး သတင်းကြားသူတိုင်းလည်း ထိတ်လန့်တုန်လှုပ်နေကြသလို နေမင်းကို အနုပညာရှင်တွေနဲ့ ပရိသတ်တွေလည်း စိုးရိမ်နေကြပါတယ်။

နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်လက်ဖြစ်တဲ့ နေမင်းဟာ ကျရာဇာတ်ရုပ်တိုင်းပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပြည်ထောင်စုသစ္စာဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေပိုရရှိလာပါတယ်။

မနေ့ညကဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကတော့ သူကတိုက်တာမဟုတ်ပဲ သူ့ရဲ့ကားကို၀င်တိုက်ရာကနေ ကား(၄)စီးဆင့်တိုက်တာဖြစ်တယ်လို့သိရပါတယ်။

"ကျွန်တော့်ကားတိုက်ခံရပြီ

ကားတစ်စီးက သုံးပတ်လောက်လည်ပြီး

ကျွန်တော့်ကားရှေ့ပြုတ်ကျတယ်ဗျာ

တစ်စီးကတစ်ပတ်စီလိမ့်ပြီး

ကျွန်တော့်ကားကိုဘေးတိုက်ပွတ်ဆွဲသွားတယ်ဗျာ""

နေမင်းကိုယ်တိုင် တင်ထားတဲ့ ယာဉ်မတော်တဆမှုပို့စ်အောက်မှာ နာမည်ကြီးအနုပညာရှင်မောင်နှမတွေဖြစ်တဲ့ အဆိုတော်အရိုး ၊ မိုးမိုး ၊ ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူ ၊ ချစ်သုဝေ နဲ့
 သွန်းဆက် တို့က သူ့အတွက် ၀ုိင်းဝန်းစိုးရိမ်စကားတွေပြောခဲ့ကြပါတယ်။

လူဘာမှမဖြစ်သွားတာပဲ ကံကောင်းတယ်မှတ်ရပေါ့ ပရိသတ်ကြီးရေ။ 

Source : Naymin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။