Bleeding Steel ဇာတ်ကားဟာ တရုတ် သိပ္ပံဇာတ်ကားလေး တစ်ကားဖြစ်ပြီး နာမည်ကျော် မင်းသား ဂျက်ကီချန်း ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Leo Zhang က ရိုက်ကူးထားပါတယ်။ တခြား အနုပညာရှင်တွေ ဖြစ်တဲ့ Tess Haubrich နဲ့ Callan Mulvey တို့လည်းပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို တရုတ်ပြည်မှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် နေ့မှာ စတင်ပြသဖို့ စီစဉ်ထားပါတယ်။

ဇတ်လမ်းလေးအကြောင်းကတော့ အထူးလေ့ကျင့်ထားတဲ့ တပ်ဖွဲ့တွေက အဖွဲ့အစည်းတစ်ခု မှ အမျိုးသမီး တစ်ယောက်ကို ကာကွယ်ပေးရတဲ့ ဇာတ်လမ်းလေးပါ။ ဂျက်ကီချန်း နဲ့ အဲ့ဒီ့ အမျိုးသမီး နဲ့ ကြားမှာ ဆက်စပ်မှု ရှိနေတဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ ဂျက်ကီချန်း အနေနဲ့ ဒီဇာတ်ကားမှာ အကောင်းဆုံးပါ၀င်သရုပ်ဆောင်ထားပါတယ်။

ဂျက်ကီချန်း သရုပ်ဆောင်နေကြပုံစံ အတိုင်း ကွန်ဖူးနဲ့ သိပ္ပံအက်ရှင် ပေါင်းစပ်သရုပ်ဆောင်မှာပါ။ ဂျက်ကီချန်း ပါ၀င်သရုပ်ဆောင်ထားတာကြောင့် လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးလဲ ဖြစ်ပါတယ်။

Source: China Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။