၂၂.၁၁.၂၀၁၇ ရက်နေ့မှ ၂၈.၁၁. ၂၀၁၇ အထိ ဆရာစံဇာဏီဘိ်ု၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ လိုက်ဖက်သော နေ့နံများ ပါ၀င်တာကြောင့် အားလုံးပဲ ဒါလေးတွေကို သိရှိပြီး ကံကောင်းကြပါစေ။

တနင်္ဂနွေနေ့ မွေးသူများ

ထူးခြားစွာ ကံကောင်းခြင်းနှင့် တိုးတက်ခြင်းတွေရှိမယ်။ ငွေကြေးဥစ္စာ ဏန ဖွံ့ဖြိုးမယ်။ ပုံမှန်ထက်ပိုပြီး ငွေဝင်မယ်။ ကိုယ်လုပ်သမျှ အကျိုးရှိမယ်။ အပြိုင်အဆိုင်တွေကြားထဲက ထိုးဖောက်ပြီး အောင်မြင်မယ်။ ရန်အတိုက်အခံနှင့် ထိပ်တိုက်တွေ့နိုင်တယ်။ ပေါ်ပေါက်လာတဲ့ အခွင့်အရေးများကို ဆက်တိုက်အသုံးချနိုင်ပြီး အောင်မြင်နိုင်တယ်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့ မွေးသူများနှင့် ပူးပေါင်း လုပ်ကိုင်လျှင် ကောင်းကျိုးများ ရရှိနိုင်ပြီး သောကြာနေ့မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းသော အရောင် - အပြာရင့်ရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၈၊၇၊ ၉

ယတြာ - အရှေ့အရပ်ကို မျက်နှာမူပြီး မြေပြင်ပေါ်မှာ ဆန်ကျဲပြီး ကြက်၊ ငှက်တွေကို အစာကျွေးပါ။   

တနင်္လာနေ့မွေးသူများ

ရန်အတိုက်အခံများကို ထိပ်တိုက်တွေ့နိုင်တယ်။ မူလ ရည်မှန်းထားတာနှင့် လက်တွေ့ကွာဟ ပြီး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်မယ်။ ငွေကြေး အပေးအယူ ကိစ္စ သတိထားရမယ်။ လူယုံ ဒုက္ခပေးတတ်တယ်။ အခွင့်အရေး ၂ခုကြောင့် ဒွိဟ ဖြစ်နိုင်တယ်။ ကြာသာပတေး၊ သောကြာ၊ စနေနေ့ မွေးသူများ ကောင်းကျိုးပေးပြီး အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်တယ်။

ကံကောင်းသော အရောင် - အပြာရောင်၊ ပန်းရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - ၃၊ ရ၊ ၉

ယတြာ - အနီရောင် ပန်းတစ်ပွင့် တောင်အရပ် အမြင့်တစ်နေရာမှာတင်ပြီး အလိုရှိရာ ဆုတောင်းပါ။  

အင်္ဂါနေ့မွေးသူများ

ခရီးကံ အပြောင်းအလဲ တိုးတက်မှု ရှိမယ်။ အခက်အခဲအားလုံး ကျော်လွှားပြီးတော့ လိုရာပြည့်စုံနိုင်တယ်။ ကာလရှည်ကြာ ဆိုင်းငံ့ထားတဲ့ အလုပ်တွေ အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်။ ငွေရေးကြေးရေး၊ စီပွားရေး၊ လူမှုရေး မြင့်မားတိုးတက်တဲ့ ဘက်ကို ဦးတည်မယ်။ တနင်္ဂနွေနေ့ မွေးသူများနှင့် ပတ်သက်ပြီး ငွေဝင်နိုင်သလို ငွေထွက်ခြင်းကံလည်း ကြုံမယ်။ လူမျိုးကွဲ ကောင်းကျိုးပေးမယ်။ နာမည်ထဲမှာ က၊ခ၊ အ၊ ဥ ပါတဲ့ သူများကို သတိထားဆက်ဆံပါ။ သူတို့ကြောင့် ပြသနာဖြစ်နိုင်တယ်။

အကျိုးပေးအရောင် - အစိမ်းရောင်၊ အဖြူရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၆၊ ရ၊ ၉

ယတြာ - နေအိမ်အနီးမှာရှိတဲ့ ကလေးသူငယ်တွေကို မုန့်ဝယ်ကျွေးပါ။    

ဗုဒ္ဓဟူးနေ့မွေးသူများ

ထူးခြားစွာ ကံကောင်းခြင်းနဲ့ အကျိုးပေးခြင်း ရှိမယ်။ စုပေါင်းတွဲဖက် လုပ်တာတွေ အဆင်ပြေမယ်။ အခက်အခဲတွေ ရင်ဆိုင် ဖြေရှင်းနိုင်မယ်။ ရန် အားလုံးကို ဖြတ်ကျော်နိုင်မယ်။ စာရွက် စာတမ်း လက်မှတ်ထိုးတာတွေ သတိထားပါ။ မိတ်ကောင်းဆွေကောင်း အထောက်အကူ ရမယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါ မွေးသူများက လိုရာကူညီ ကောင်းကျိုးပေးပြီး သောကြာ၊ တနင်္လာနေ့ မွေးသူများ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းသော အရောင် - အနီရောင်၊ အပြာရောင်၊ ပန်းရောင်

အကျိုးပေးဂဏန်း - ရ၊ ၃၊ ၉

ယတြာ - သပြေရွက်တစ်ရွက်ကို စာအုပ်တစ်အုပ်ကြားမှာ ညှပ်ပြီး အမြင့်တစ်နေရာမှာ တင်၍ လိုရာ ဆုတောင်းပါ။

ရာဟု မွေးသူများ

အရာရာ အဆင်ပြေမှုနဲ့ တိုးတက်မှု ရှိသလို ရပ်တန့်နေတဲ့ အလုပ်တွေ ပြန်လည် စတင်နိုင်တယ်။ ရပ်ဝေးနှင့်ဆက်သွယ်ပြီး လုပ်တဲ့ အလုပ်တွေ အကျိုးပေးတယ်။ ခရီးကိစ္စ အဆင်ပြေမယ်။ မှားမှားမှန်မှန် ကိုယ်ထင်တာ လုပ်လိုက်တာမျိုး အဆင်ပြေနိုင်တယ်။ မေတ္တာရေး ကံကောင်းမယ်။ ပြသနာ အနည်းငယ် ရှိမယ်။ တနင်္ဂနွေ၊ စနေ၊ သောကြာနေ့ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္လာ၊ ကြာသာပတေးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

အကျိုးပေးအရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၂၊ ၅၊ ရ

ယတြာ - အဖြူရောင်ပန်းပွင့်လေးတွေ မကြာခဏ ဘုရားကပ်လှူပြီး လိုရာဆန္ဒ ပြုပါ။ 

ကြာသာပတေးနေ့ မွေးသူများ

အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်။ ရှေ့တိုးလုပ်ဆောင်တဲ့ ကိစ္စတွေက အောင်မြင်မှု ရနိုင်တယ်။ ငွေရေးကြေးရေး၊ စီးပွားရေးကိစ္စတွေ အဆင်ပြေမယ်။ ကာလအတန်ကြာ ရပ်တန့်နေတဲ့ ကိစ္စတွေ ပြန်လည် စတင်ပါက အဆင်ပြေနိုင်တယ်။ ပြောဆိုတာတွေ အောင်မြင်နိုင်တယ်။ ချမှတ်ထားတာတွေ လုပ်ကိုင်ဆောင်ရွက်နိုင်တယ်။ မိသားစုနဲ့ ပတ်သက်တဲ့ ကောင်းသတင်းတွေ ကြားရမယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နေ့မွေးသူတွေများက ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းသော အရောင် - အဝါရောင်၊ လိမ္မော်ရောင်၊ ရွှေအိုရောင်

အကျိုးပေးဂဏန်း - ၅၊ ရ၊ ၉

ယတြာ - အဝါရောင် တွင်းထွက်ကျောက် ကို အနီးနားမှာ ထားပါ။ အဝါရောင် ပန်းပွင့် ဘုရားတင်ပြီး အလိုရှိရာ ဆုတောင်းပါ။   

သောကြာနေ့ မွေးသူများ

ငွေကြေး ကံကောင်းခြင်း၊ လာဘ်ပွင့်ခြင်း၊ ကံပွင့်ခြင်း များရှိမယ်။ သို့သော် ငွေ အဖတ်မတင်ဖြစ်မယ်။ ကိုယ့်ကိစ္စထက် သူတစ်ပါးကိစ္စတွေ အတွက်ပါ လုပ်ကိုင်နေရမယ်။ ယှဉ်ပြိုင်မှုတွေမှာ အောင်မြင်မယ်။ ပညာရေး တိုးတက်မယ်။ ရန်နှင့် ယှဉ်ပြီး လုပ်ရနိုင်တယ်။ ခရီးကိစ္စ အဆင်ပြေမယ်။ ပစ္စည်းပျောက်တာ ပြန်ရမယ်။ မိတ်ဆွေကောင်း ရမယ်။ စနေ၊ သောကြာ၊ တနင်္လာနေ့ မွေးသူတွေက ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်တယ်။

ကံကောင်းသော အရောင် - အပြာရောင်၊ အညိုရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၄၊ ၂၊ ၃

ယတြာ - လက်ကိုင်ပဝါ အဖြူတစ်ထည် အမွှေးနံ့သာဖျန်းပြီး ဆောင်ရွက်ပါ။   

စနေနေ့မွေးသူများ

အရာရာ အဆင်ပြေပြီး လုပ်သမျှကံကောင်းမယ်။ ရည်ရွယ်သမျှ အဆင်ပြေမယ်။ ဘဝ တိုးတက်ခြင်းကို ခံစားရမယ်။ သူတစ်ပါးနဲ့ ကိုယ်နဲ့အကြား ပဋိပက္ခလေးတွေ ဖြစ်နိုင်တယ်။ မဖြစ် ဖြစ်အောင် လုပ်တတ်တဲ့ စိတ်ကြောင့် အောင်မြင်မှုများ ရနိုင်တယ်။ ကို်ယ် လုပ်စရာ ရှိတာ လုပ်ပါ။ အဆင်ပြေမယ်။ လိုရာ ပြည့်စုံနိုင်တယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့ မွေးသူတွေ ကောင်းကျိုးပေးပြီး ကြာသာပတေး၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ်။

ကံကောင်းသော အရောင် - အပြာရောင်၊ အနီရောင်၊ ကြက်သွေးရောင်

အကျိုးပေးဂဏန်း - ၆၊၅၊ ၉

ယတြာ - နှင်းဆီအနီတစ်ပွင့်ကို ဖန်ခွက်ထဲမှာ ရေထည့်ပြီး ကိုယ့်အနီးမှာ ထားပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။