သီချင်းစာသားလန်းလန်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ အဆိုတော် G-fatt ကတော့ သူ့သီချင်းလေးတွေပေါက်လို့ သူဝယ်ပေးတာပါလို့ ဆိုလာပါတယ်..။

အဆိုတော် G-fatt က သူအသုံးပြုတဲ့ ဆိုရှယ်မီဒီယာ အကောင့်တစ်ခုဖြစ်တဲ့ Instagram မှာ “သူ့သီချင်းလေးပေါက်လို့ သူဝယ်ပေးတာပါ” ဆိုပြီး ဓာတ်ပုံလေးနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ မင်းသမီးချောလေး နန်းဆုရတီစိုးက emoji လေးတွေနဲ့ Comment ဝင်ပေးထားတာကိုလည်း တွေ့ရပါတယ်..။

ဘယ်သူဝယ်ပေးတယ်ဆိုတာကို မပြောထားပေမယ့်လည်း ပရိသတ်တွေအားလူံးကတော့ ဒီလက်ဆောင်ကို ပေးတဲ့ လူက နန်းဆုရတီစိုးလို့ တထစ်ချ ပေးနေကြပါတယ်..။

အဆိုတော် G-fatt က လက်ရှိမှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ချစ်သူကို Official မကြောညာသေးပေမယ့် မင်းသမီးချောလေး နန်းဆုရတီစိုးလို့ အခိုင်အမာ ပြောထားကြတာတွေကို တွေ့ရပါတယ်..။

မကြာသေးမီက မင်းသမီးချောလေး နန်းဆုက “ ရူးအောင်ချစ်ရသူ” ဆိုတဲ့ သီချင်းတွေ ထွက်ရှိထားပြီး သီချင်းလေးထဲမှာတော့ နန်းဆုနဲ့ အတူ G-fatt က အတူပါဝင်သရုပ်ဆောင်ပေးထားပါတယ်..။

“ရူးအောင်ချစ်ရသူ” သီချင်းလေးကိုလည်း G-fatt က ရေးပေးထားတာ ဖြစ်ပြီး သီချင်းကောင်းလေးအဖြစ် ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပြီး ပေါက်ခဲ့ပါတယ်..။

လူငယ်အဆိုတော် G-fatt ဟာ သီချင်းစာသားလန်းလန်းလေးတွေနဲ့ ပရိသတ် အသိအမှတ်ပြု အားပေးမှု အခိုင်အမာ ရရှိထားပြီး သီချင်းကောင်းလေးတွေနဲ့ မိန်းကလေး ပရိသတ်တွေသာမက ယောင်္ကျားလေး ပရိသတ်တွေပါ အကြိုက်တွေ့စေခဲ့ပါတယ်..။

လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ တေးသီချင်းလေးတွကို ဖန်တီးနေပြီး ရှိုးပွဲတွေလည်း သီဆိုဖျော်ဖြေနေတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။