ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန် ထိုင်းနယ်စပ်တွင် မြန်မာ့တပ်မတော်က အရာရှိတစ်ဦးယာဉ်မတော်တဆမှုဖြစ်ကာ သေဆုံးခဲ့တယ်လို့သိရပါတယ်။ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မယ့်စရီးယန်းမြို့အကြားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး မော်တော်ယာဉ် မတော်တဆဖြစ်မှုကြောင့် မြန်မာ့တပ်မတော်က အရာရှိတစ်ဦး အပါအဝင်စုစုပေါင်း(၄) ဦး သေဆုံးခဲ့ပြီး (၂)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ထိုင်းမြန်မာနယ်စပ်မှာပြုလုပ်တဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာအစည်းအဝေးသွားရောက်တက်ခဲ့တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ခလယ်ဒေးစခန်းအခြေစိုက် ခလရ (၂၈)တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးနိုင်လင်းစိုးဆိုသူလိုက်ပါတဲ့ ဆီဒင်ကားဟာအပြန်လမ်းမှာလမ်းဘေးသစ်ပင်ကိုဝင်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့် မြန်မာ့တပ်မတော်က အရာရှိတစ်ဦး အပါအဝင်စုစုပေါင်း(၄) ဦး သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်မှာ ပါဝင်ကူညီ ဆောင်ရွက်ခဲ့သူတဦးကပြောပါတယ်။

လက်ရှိမှာတော့ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုမသိရသေးပဲစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။ သေဆုံးသူတွေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၁) က တပ်ဖွဲ့ဝင်တစ်ဦး ပါဝင်တယ်လိ့ုကြားရပေမယ့် အတည်ပြုလို့ မရသေးပါဘူးလို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာ့တပ်မတော်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တို့ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူးလို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - RFA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။