ပူတင် ဟာ ပြည်တွင်းမှာ လူကြိုက်အများဆုံး ခေါင်းဆောင် တစ်ဦးအဖြစ် ရပ်တည် နေ ဆဲဖြစ်တဲ့အပြင် ကမ္ဘာ့ထိပ်သီး ခေါင်းဆောင် တွေရဲ့အာရုံစိုက် ခြင်းကိုလည်း ခံရသူဖြစ်ပါတယ်။ သူ အာဏာရပြီး နောက်ပိုင်းမှာ ရုရှား နိုင်ငံကိုပြန်လည် စုစည်း နိုင်ခဲ့တဲ့ အပြင် စီးပွားရေး နဲ့ စစ်ရေးမှာ လည်း ရုရှား နိုင်ငံကို ဆိုဗီယက် ခေတ်နောက်ပိုင်း ပြန်လည် အင်အားတောင့်တင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယခု ရုရှားသမ္မတ ပူတင် ရဲ့ ၂၀၁၈ ခုနှစ် အတွက် ပြက္ခဒိန် ထွက်ရှိလာပါပြီ။

ရုရှားသမ္မတ ပူတင် ရဲ့ ၂၀၁၈ ခုနှစ် အတွက် ပြက္ခဒိန် မှာ ပူတင် ကျားသစ်နဲ့ ရိုက်ထားတဲ့ ပုံတွေ၊ ၊ဆိုင်ကယ်စီးနေတဲ့ ပုံတွေ၊ ရိုင်ဖယ်ကိုင်ပြီး အမဲလိုက်တဲ့ ပုံတွေ ပါ၀င်ပါတယ်။ ဒါ့အပြင် ပူတင်ငါးဖမ်းနေတဲ့ ပုံ၊ ဂျူဒို ကစားတဲ့ ပုံ၊ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားတဲ့ပုံ၊ ဟော်ကီ ကစားတဲ့ပုံ စသဖြင့် ပူတင် ရဲ့ ပုံတွေပါ၀င်ပါတယ်။ ပူတင်ဟာ ဂျူဒို မှာ ခါးပတ် အနက် ရထားသူလည်းဖြစ်ပါတယ်။ ပြက္ခဒိန် တစ်ခု ကို ပေါင် ၁၅.၉၉ ပေါင်ကျသင့်မှာပါ။

ဒါ့အပြင် ကြောင်လေးကို ချီထားတဲ့ ပုံ၊ ရေတပ် စစ်သင်္ဘောတွေ ချီတက်နေတာကို အလေးပြုနေတဲ့ ပုံတွေ လည်းဖြစ်ပါတယ်။ ebay ကနေတစ်ဆင့် ပြက္ခဒိန် ပေါင်း ၆၀၀ ၀န်းကျင်လောက် ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ခရစ်စမတ် ကာလမှာ ပူတင် ကို လေးစားကြည်ညို သူတွေ အနေနဲ့ ပူတင်ရဲ့ ပြက္ခဒိန် ကို လက်ဆောင်အဖြစ် ပေးနိိုင်ပါပြီ။

Source: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။