ခန္ဓာကိုယ်က အနံ့ဆိုး ထွက်ခြင်းက ကိုယ်တိုင်ဖြစ်စေ၊ တခြားသူတစ်ဦးကဖြစ်စေ ကြုံဖူးတတ်ကြပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်က အနံ့နံနေပြီဆို ကျန်းမာရေး ရှုထောင့်အပြင် ကိုယ်ရဲ့ ရုပ်ရည်ပိုင်းရာ ပိုင်းဆိုင်ရာ ကိုပါ ထိခိုက်လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း ယုံကြည်မှု အားနည်စေပြီး ပတ်ဝန်းကျင်ကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လူ အထင်သေးခြင်းကိုလည်း ခံရနိုင်ပါတယ်။ တစ်ချို့ကြတော့လည်း ကိုယ်အနံ့ဆိုးခြင်းကို ကိုယ်တိုင်မသိတာမျိုးလဲ ဖြစ်နိုင်ပါတယ်။

ဘာလို့ ကိုယ်အနံ့ဆိုးခြင်း ပြသနာကို ရင်ဆိုင်ရလဲ ???

- ချွေးထွက်လွန်ခြင်း

- တစ်ချို့သော ရောဂါများနှင့် ဆက်စပ်နေခြင်း

- ဇီဝ ကမ္မ ဖြစ်စဉ် မူမမှန်ခြင်း

- ပူလွန်း၊ စပ်လွန်းတာများကို စားသုံးခြင်း

- ကော်ဖီ သောက်လွန်းခြင်း

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ တညင်းသီး၊ လက်ဖက် … စတဲ့ ပါးစပ်နှင့် ချွေးအနံ့ ဆိုးစေသော အစားအသောက်များ စားလွန်းခြင်း

ဘယ်လိုကာကွယ်ရမလဲ ???

- ရေချိုးပြီးရင် ရေပြောင်အောင် သုတ်ဖို့လိုပါတယ်။

- သဘက်ကိုလည်း သန့်ရှင်းသပ်ရပ်ဖို့ လိုပါတယ်။

- အဝတ်အစားတွေကို လျှော်ပြီး မီးပူတိုက်ပြီးမှ ၀တ်ဆင်ပါ။

- ချွေးစိုလာလျှင် အဝတ်လဲဝတ်ပါ။ (လိုအပ်လျှင် အဝတ် အပိုဆောင်ပါ)

- အဝတ်ဗီဒို သန့်ရှင်းဖို့လိုပါတယ်။

- ချွေးနံ့ပျောက်ဆေး (roll on, body spray, lotion) စသည်ဖြင့် သုံးပါ။

- လိုအပ်လျှင် ရေမွှေးသုံးပါ။

- အစားအသောက်ကို ဆင်ခြင်စားပါ။

- တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အိမ် သန့်ရှင်းရေး ကို ဂရုစိုက်ပါ။

- ခန္ဓာကိုယ် အမွှေးအမျှင်တွေကို ပုံမှန် ရိတ်ပေးပါ။

- ကိုယ် အနံ့ကို ကိုယ်သိအောင် ဂရုတစိုက် စောင့်ကြည့်ပါ။

ကျန်းမာရေး ဗဟုသုတများတိုးပွားပြီး သာယာလှပသော နေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပါစေ ရှင် … ။

သတင်းအရင်းအမြစ် - HealthFit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။