ယခုအခါ မြန်မာပြည်အနှံ့တွင် အချိန်အခါမဟုတ်မိုးများရွာသွန်းလျက်ရှိပါတယ်။ အဆိုပါမိုးများကြောင့်လည်း လူတန်းစားအသီးသီးဒုက္ခရောက်ရပါတယ်။ ဘင်္ဂလားပင်လယ်အော် နှင့် တောင်တရုတ်ပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းများ ကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့ တွင် အချိန်အခါမဟုတ်မိုးများ နိုဝင်ဘာလကုန်အထိ ရွာနိုင်ခြေရှိကြောင်း ဦးထွန်းလွင်ကပြောပါတယ်။ဒါ့ကြောင့် ရိတ်သိမ်းဆဲသီးနှံများ အမိုးအကာအောက် ပို့ဆောင်ထားရန် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က တောင်သူများအား သတိပေးသည်။ 

ဘင်္ဂလားပင်လယ်အော် တွင် နိုဝင်ဘာ ၂၁ ရက်က လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်သည် မုန်တိုင်းငယ်ဖြစ် လာနိုင်ပြီး တောင်တရုတ်ပင် လယ်၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေကြောင်း ဒေါက် တာ ထွန်းလွင်ကပြောသည်။ လေဖိအားနည်းရပ်ဝန်းနှစ်ခု၏ အရှိန်ကြောင့် လတ်တလော၌ မြန်မာ နိုင်ငံဒေသအချို့တွင် နေရာကွက် မိုးကောင်းနေသည်။ ‘‘ဒေသအနှံ့မှာ နိုဝင်ဘာလ ကုန်အထိ ရွာဦးမယ်။ ဒီမိုးက ဖျက်မိုး။ တောင်သူတွေအနေနဲ့ သီးနှံတွေကို ဖြစ်တဲ့နည်းနဲ့ ကာကွယ်ဖို့လိုတယ်’’ဟု ဒေါက်တာထွန်း လွင်က သတိပေးသည်။ မြန်မာနိုင်ငံ ဒေသအချို့တွင် နိုဝင်ဘာ ၁၅ ရက် နောက်ပိုင်းက စတင်၍ အချိန်အခါမဟုတ် မိုးရွာ ခြင်းဖြစ်သည်။ 

ရန်ကုန်မြို့ အပါ အဝင် ရန်ကုန်တိုင်းဒေသကြီးအ တွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အချို့၌ နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်က နေရာကွက် မိုးကြီးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ၊ ဘိုကလေးနှင့် လပွတ္တာ မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာခဲ့ပြီး ရိတ်သိမ်းဆဲစပါးများ ပျက်စီးမှုရှိကြောင်း ဒေသခံ တောင်သူများက ပြောသည်။ နိုဝင်ဘာလကုန်အထိ စစ် ကိုင်း၊ မန္တလေး၊ ဧရာဝတီနှင့် ရန် ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်တို့တွင် မိုးရွာ သွန်းနိုင်ကြောင်း ဒေါက်တာထွန်း လွင်က သတိပေးထားသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်း ဆက်လက်တည်ရှိနေပြီး ဒေသအနှံ့ မိုးရွာနိုင်ကာ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

Source- 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။