ကမ္ဘာရဲ့ အင်အားကြီး နိုင်ငံတွေထဲ မှာ တခုအပါ အဝင်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာရဲ့ ဘယ်နေရာကို လက်ညိုးထိုးထိုး သူရဲ့ ရင်းနှီးမြုပ်နှံမှု တွေကို တွေ့ရမှာပါ။ ခုချိန်မှာ ဆိုရင်လည်း ဇင်ဘာဘွေ နိုင်ငံမှာ တရုတ်နိုင်ငံဟာ အကြီးအကျယ် ရင်းနှီးမြုပ်နှံထားတယ်လို့ သိရပါတယ်။

ခုလို သမ္မတ မူဂါဘီကို ဖြုတ်ချတဲ့ အစီအစဉ်ကလည်း တရုတ်ပြည်ရဲ့ အကူအညီနဲ့ ချမ်းသာတဲ့ စီးပွားရေးသမား လူနည်းစုတစုရဲ့ အောင်ပွဲဖြစ်နိုင်ပြီး တိုင်းပြည်ဘာမှမပြောင်းဘဲ ခေါင်းဆောင်ပဲ ပြောင်းသွားတာမျိုးဖြစ်နိုင်တယ်လို့ဂျာမဏီနိုင်ငံရဲ့ အာဖရိကတိုက်ဆိုင်ရာ အထူးကိုယ်စားလှယ် Guenther Nooke ဂွန်းသာနောက် က ဝေဖန်ပါတယ်။ မူဂါဘီကို စစ်တပ်က ဖမ်းဆီးပြီး အာဏာဖယ်ရှားခဲ့မှုရဲ့နောက်ကွယ်မှာ တရုတ်ခေါင်းဆောင်တွေနဲ့ ဇင်ဘာဘွေဗိုလ်ချုပ်ကြီးတွေရဲ့ ဆက်သွယ်ပတ်သက်မှုရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။

ဇင်ဘာဘွေဟာ တချိန်က အာဖရိကတိုက်မှာ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အကောင်းဆုံးတိုင်းပြည်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် သမ္မတ မူဂါးဘီ အုပ်ချုပ်တဲ့ ၃၇ နှစ်အတွင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို အဓမ္မသိမ်းပိုက်မှု၊ ငွေစက္ကူတွေ အဆမတန် ရိုက်နှိပ်မှုစတဲ့ မူဝါဒဆိုးဝါးမှုတွေကြောင့် တိုင်းပြည်တခုလုံး မွဲတေ ခဲ့ရပါတယ်။ ပြည်သူ ၁၆ သန်း ငွေကြေးဖေါင်းပွမှုတွေနဲ့ အလုပ်အကိုင်မဲ့ ငတ်မွတ်နေခဲ့ချိန်မှာ မူဂါဘီမိသားစု ကတော့ ဇိမ်ခံပစ္စည်းတွေနဲ့ အာဏာကို ဖက်တွယ်ထားခဲ့ပါတယ်။ အခုလို အာဏာစွန့်ဖို့အတွက် သူတို့ မိသားစုကို နောက်ကြောင်းပြန် အရေးယူခြင်း မပြုပါဘူးလို့ ဇင်ဘာဘွေဗိုလ်ချုပ်ကြီးတွေက ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ 

Source – RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။