လွန်ခဲ့တဲ့ ၁၂နှစ်တုန်းက တရုတ်ပြည်ယူနန်ပြည်နယ်မှာ David Sneddon လို့ခေါ်တဲ့ Brigham Ypung Universityရဲ့ အသက်၂၄နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးဟာ တောင်တက်ခရီးတက်နေတုန်းမှာ ပျောက်ဆုံးခဲ့ပာတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ အမေရိကန်သံရုံးတို့ ပူးပေါင်းရှာဖွေသော်လည်း မတွေ့ရှိခဲ့ရဘဲ နောက်ဆုံးလက်လျှော့လိုက်ရပါတယ်။

တရုတ်ပြည်မီဒီယာတွေကတော့ Davidဟာ တောင်ကြားတစ်နေရာကို ကျပျောက်ဆုံးပြီး သေသွားခဲ့တာဖြစ်မယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် သူ့မိဘတွေကတော့ သူတို့သားမသေဘဲ အသက်ရှင်နေသေးတယ်လို့ တစ်ထစ်ချယူဆထားတယ်လို့ဆိုပါတယ်။ 

ဒါပေမယ့်် တောင်ကိုရီးယား မြောက်ကိုရီးယား စစ်ဘေးကြောင့်ကွဲကွာခဲ့ရတဲ့မိသားစုများ ပြန်လည်ပေါင်းစည်းရေးကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ ချွဲဆောင်ယုံက Davidဟာ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်ရဲ့ လျိှု့ဝှက်အင်္ဂလိပ်စာဆရာအဖြစ် လုပ်ကိုင်ဖို့ ပြန်ပေးဆွဲခံရတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ချွဲဟာ ဒီသတင်းကို မြောက်ကိုရီးယားမှာရှိတဲ့ သတင်းရင်းမြစ်တစ်ခုကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ယခုဆို Davidဟာ မြောက်ကိုရီးယားသူတစ်ဦးနဲ့ အိမ်ထောင်ကျပြီး ပြုံယန်းမှာ နေထိုင်နေကြောင်းသိရှိရပါတယ်။ 

ဒီသတင်းဟာ Davidရဲ့မိသားစုကို တအံတသြမဖြစ်စေခဲ့ပါဘူး။ သူတို့က Davidဟာ ကိုရီးယားစကားကျွမ်းတဲ့အတွက် မြောက်ကိုရီးယားကို ခေါ်ဆောင်ခံသွားရမလားဆိုပြီး သံသယဝင်နေခဲ့တာပါ။ ဒီသတင်းအပြီး အမေရိကမှ တာဝန် ရှိသူတွေဟာ မြောက်ကိုရီးယားမှာ စတင်ရှာပုံတော်ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။