အများစုကတော့ ကြို့ထိုးခြင်းကို ကြုံဖူးတတ်ကြပါတယ်။ ဒါပေမဲ့ ကြို့ထိုးခြင်းက အကြိမ်ရေ စိပ်လာပြီဆိုရင်တော့ ဂရုစိုက်ဖို့လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ အတွင်းမှာရှိတဲ့ ရင်ခေါင်းနဲ့ ၀မ်းဗိုက်ကို ခြားထားတဲ့ ကန့်လန့်ကာကြွက်သားက အသက်ရှုလိုက်တာ အခါမှာ အောက်ကျသွားပြီး အသက်ရှုထုတ်လိုက်တဲ့အခါမှာ အပေါ်ကိုပြန်တက်သွားပါတယ်။ ဒီလို ကြွက်သားအခြေအနေက ပုံမှန် မဖြစ်တဲ့အခါမှာ ကြို့ထိုးတတ်ပါတယ်။ 

ကြို့ထိုးရတဲ့ အကြောင်းအရင်းတွေကတော့ -

- အစားအသောက်ကို ပုံမှန်ထက် ပိုပြီး အမြန်စားမိတဲ့အခါ

- အရမ်းပူလွန်း၊ အေးလွန်းတဲ့ အစားအစာတွေကို အချိန်အနည်းငယ်အတွင်း စားသုံးမိတဲ့အခါ

- အရက်သောက်သုံးတဲ့အခါ

- ဆိုဒါများတဲ့ အစားအသောက်တွေ စားသုံးမိတဲ့အခါ

- ဆေးလိပ်သောက်တဲ့အခါ

- စိတ်ဖိစီးမှု များတဲ့အခါ

ကြို့ထိုးတာကို သက်သာပျောက်ကင်းစေဖို့ -

- အသက်ကို ၀၀ ရှုလိုက်ခြင်း

- ရေ ၀၀ သောက်ခြင်း

- ပလပ်စတစ်အိတ်ထဲသို့ လေကို ရှုသွင်း၊ ရှုထုတ်လုပ်ခြင်း တို့ ပြုလုပ်နိုင်ပါတယ်။

သို့သော် အချိန်ကာလများစွာ ကြို့ထိုးလာပြီ ဆိုရင်တော့ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို ရောဂါ ရှာဖွေ သင့်ပါတယ်။ လိုအပ်လျှင် ဆရာဝန်နှင့် ပြသ တိုင်ပင်သင့်ပါတယ်။ အာရုံကြော အားနည်းလို့လည်း ဖြစ်နိုင်သလို အခြားသော ရောဂါ အကြောင်းရင်းများကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါ့ကြောင့် ကြို့ထိုးတာကို ကြိုတင်ကာကွယ်နိုင်ဖို့ ကိုယ်အလေးချိန် ထိန်းခြင်း၊ ကျန်းမာရေး လိုက်စားခြင်း၊ အားကစားလုပ်ခြင်း၊ ဖော်ပြပါ ကြို့ထိုးစေသော အကြောင်းအရင်းတွေကို ဂရုပြု ရှောင်ကြဉ်ခြင်း စတာတွေကို လုပ်ပေးသင့်ပါတယ်။

အခုလို ကျန်းမာရေးနဲ့ ဗဟုသုတတွေ တိုးပွားနိုင်စေဖို့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော် ။

သတင်းအရင်းအမြစ် - HealthFit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။