မင်းသမီး Aum Patchrapa ဟာ ထိုင်းနိုင်ငံ ရဲ့ ထိပ်တန်းမင်းသမီး ပါ။ သူမဟာ ၁၉၉၇ ခုနှစ် တည်းက ထိုင်းအနုပညာလောက မှာ သရုပ်ဆောင်ခဲ့တာ အနှစ် ၂၀ ရှိပါပြီ။ သူမဟာ ရုပ်ရှင်ဇာတ်ကားတွေ၊ ပွဲတွေ၊ နဲ့ စီးပွားရေး ကြောငြာတွေကနေ တစ်ဆင့် ၀င်ငွေများစွာ ရရှိနေသူပါ။ သူမ ရဲ့ အိမ်ကို ထိုင်း ဘတ်ငွေ ပေါင်း ၁၀၀,၀၀၀,၀၀၀ အကုန်ကျခံပြီး ၀ယ်ယူထားတာပါ။

အမေရိကန်ဒေါ်လာ အနေနဲ့ ၃,၀၅၈,၁၀၄ တန်ကြေးရှိတဲ့ သူမ ရဲ့ အိမ်ကြီးမှာ မင်းသမီး Aum Patchrapa တစ်ယောက် ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးမြူထားပါတယ်။ သူမဟာ အမြဲတမ်း သူမရဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ နဲ့ အတူ သူမ ရဲ့ အားလပ်ချိန် တွေကို ကုန်ဆုံးစေလေ့ရှိပါတယ်။ သူမ ရဲ့ အိမ်ကြီးဟာ လည်း အရမ်းကို လှပပါတယ်။ သူမ မှာ လှပတဲ့ ဖိနပ်တွေလည်း အများကြီးရှိပါတယ်။

မင်းသမီး Aum Patchrapa က နောက်နှစ်အတွက် ရုပ်ရှင်အသစ်မှာ ပါ၀င်သရုပ်ဆောင်ဖို့ ထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းနေတယ်လို့ လည်းသိရပါတယ်။ သူမ ဟာ လူမှု ကွန်ယက် စာမျက်နှာ တစ်ခု ဖြစ်တဲ့ Instagram မှာ follower ပေါင်း ၈.၂ သန်းရှိ တဲ့ နာမည်ကျော်မင်းသမီး အဖြစ်ရပ်တည်နေပါတယ်။ ၂၀၀၉ ခုနှစ်မှာ လည်း သူမရဲ့ ကိုယ်ပိုင်ရေမွှေး အမျိုးအစား ဖြစ်တဲ့ Sexy Me ကို ပြင်သစ်နိုင်ငံမှ တစ်ဆင့်ထုတ်လုပ်ထားပါတယ်။

Source: Thai Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။