ပြည်သူ့အချစ်တော် မင်းသမီးလေး အေးဝတ်ရည်သောင်းကတော့ သူမရဲ့ အလှဓာတ်ပုံအသစ်လေးတွေကို တင်ပေးလိုက်ပြန်ပါပြီ..။

အခုဓာတ်ပုံလေးတွေကတော့ အဝါရောင် နေကြာပန်းလေးတွေကြားက ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး အေးဝတ်ရည်သောင်းဟာ သူရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို သူမရဲ့ fb စာမျက်နှာမှ တစ်ဆင့် အမြဲပြန်လည်မျှဝေလေ့ရှိတာ တွေ့ရပါတယ်..။

ယနေ့ နိုဝင်ဘာ(၂၃)ရက်နေ့မှာတော့ မအောင်းသောင်းက သူ့ရဲ့ fb စာမျက်နှာမှာ “လူတစ်ယောက်ကိုချစ်ရင်.. သူရဲ့ကောင်းမွေရော ဆိုးမွေပါ လက်ခံနိုင်ရမယ်တဲ့..။

ဆိုတော့ကား....ပုံတွေရိုက်ပြီးတင်တတ်တဲ့ ကိုယ့်ရဲ့

ဆိုးမွေလေးကို လက်ခံပေးပါ..” ဆိုပြီး သူမရဲ့ ချစ်စရာ ဓာတ်ပုံလေးတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်..။

လက်ရှိမှာ ပြည်သူ့အချစ်တော် မင်းသမီးချောလေး အေးဝတ်သောင်းဟာ ရိုက်ကူးရေးအတွက် ဂန်ဂေါမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။

ဂန့်ဂေါမြို့ရဲ့ သဘာဝရှုခင်းလေးတွေနဲ့ အတူ လှပပြီး ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

အနုပညာလောကထဲကို အချိန်တစ်ခုထိကြာမှ တကျော့ပြန် ဝင်ရောက်ခဲ့တဲ့ မအေးသောင်းကတော့ အသက်သုံးဆယ်အရွယ် ရင့်ကျက်တည်ငြိမ်တဲ့ အလှတွေကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

အေးဝတ်ရည်သောင်းဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေပြီး ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

အဝါရောင်နေကြာပန်းလေးတွေနဲ့အတူ အလှနေတဲ့ မအေးသောင်းရဲ့ ဓာတ်ပုံအလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်..။

Source - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။