တော်ဝင်မင်းသား Harry နဲ့ တို့ မင်းသမီး Meghan Markle လာမယ့်နွေရာသီ မှာ လက်တွဲဖို့ ပြင်ဆင်နေကြပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မင်းသမီး Meghan Markle ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့ က သူမ ရဲဲ့ ရုပ်ရှင် Suits ရဲ့ နောက်ဆုံးဇာတ်လမ်းတွဲ အတွက် ရိုက်ကူးပြီးစီးသွားပါပြီ။ သူမ ရဲ့ နောက်ထပ် ခြေလှမ်းကတော့ တော်ဝင်မင်းသား Harry နဲ့ လက်တွဲဖို့ပါ။

မင်းသမီး Meghan Markle ဟာ တော်ဝင်မင်းသား Harry နဲ့ အတူ သူမရဲ့ အနာဂတ်ကို စတင်ဖို့ အတွက် လန်ဒန်မြို့ကို ရောက်ရှိနေပါပြီ။ မင်းသမီး Meghan Markle ကို လန်ဒန်မြို့မှာ စျေးဝယ်နေတာကို ပရိသတ်တွေ မြင်ခဲ့ကြရပါတယ်။ မင်းသား Harry နဲ့ အတူလာနေဖို့ အတွက်ပါ။ သူတို့ နှစ်ယောက် ရဲ့ စေ့စပ်ပွဲ ကြေညာဖို့ လည်း သေချာသလောက်ရှိနေပါတယ်။

အသက် ၃၆ နှစ် ရှိပြီဖြစ်တဲ့ မင်းသမီး Meghan Markle ကို သာမန် အပြင်သွား ၀တ်စုံ နဲဲ့ ဂျင်းဘောင်းဘီ နဲ့ အတူ လန်ဒန်မြို့တွင်း စျေးဝယ်သွားနေတာ ကို တွေ့ခဲ့ရပါတယ်။ ဒီနှစ် ခရစ်စမတ်ပွဲမှာ တော်ဝင်မိသားစု နဲ့ အတူ တက်ရောက် မလားဆိုတာတော့ မသေချာပါဘူး။ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဘုရင်မကြီး နဲ့ မင်းသား ဖိလစ်တို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်ပွဲကိုတော့ သူမ မတက်ရောက်ခဲ့ပါဘူး။

Source: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။