အခုလို ခရီးသွားရာသီ အချိန်တွေမှာလည်း အများစုက ကမ်းခြေကို ခရီးထွက်ဖြစ်ကြပါတယ်။ ကမ်းခြေမှာပဲဖြစ်ဖြစ်၊ ရေကူးကန်မှာပဲဖြစ်ဖြစ် ရေကူးပြီးတဲ့အခါမျိုးတွေမှာ ရေကူးကန်ထဲက ကလိုရင်းကြောင့် ဆံသားတွေကြမ်းပြီး ခြောက်သွေ့သွားတတ်ပါတယ်။ ဒါကိုလည်း အများစုက ကြုံဖူးမှာပါ။ ဒါကြောင့် ဒီလို ဆံပင်မပျက်စီးဘဲ ရေကူးနိုင်တဲ့ (ရေဆော့နိုင်တဲ့) နည်းလမ်းလေးတွေကို မျှဝေလိုက်ပါတယ်။

ရေကူး/ ရေဆော့ချိန်တွင် ဆံသား မပျက်စီးစေရန် ကာကွယ်ရန် နည်းလမ်းများ

(၁) ဆီလီကွန်(Silicone)က ကလိုရင်းကြောင့် ဆံပင်မပျက်စီးအောင် ကာကွယ်နိုင်စွမ်းရှိတာကြောင့် ရေကူးကန်ထဲမဆင်းခင်မှာ ဆီလီကွန် ပါတဲ့ကွန်ဒီရှင်နာနဲ့ ခေါင်းလျှော်ပါ။

(၂) ရေကူးဦးထုပ်ဆောင်းတာကလည်း ဆံပင်မပျက်စီးဖို့ကာကွယ်တဲ့ နည်းလမ်းတစ်ခုပါ။

(၃) ဆံသားမှာ ရေဓာတ်များများ ရှိနေအောင်လို့ ရေကူးကန်ထဲ မဆင်းခင်မှာ ခေါင်းကို ရေလောင်း / ရေချိုးပြီးမှ ဆင်းပါ။

(၄) ရေကူးပြီးတဲ့အခါမှာလည်း ဆံသားမှာကပ်နေတဲ့ကလိုရင်းတွေ ပြောင်စင်ဖို့အတွက် ခေါင်းလျှော်ရည်နဲ့ သေသေချာချာပွတ်လျှော်ဖို့လို ပါတယ်။

ရေကူး/ ရေဆော့ပြီးနောက် ဆံသား မပျက်စီးရန် ကုထုံးနည်းများ

နည်းလမ်း (၁) မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေခပ်နွေးနွေးလေးနဲ့ ဖျော်စပ်ပြီး ဦးရေပြားနဲ့ ဆံပင်အမြစ်ကို သုတ်လိမ်းပြီး ငါးမိနစ်လောက် ထားပြီး ခေါင်းလျှော်နိုင်ပါတယ်။

နည်းလမ်း (၂) ပန်းသီးဗီနီဂါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ရောပြီး ဆံသားတွေ သုတ်လိမ်းပေးပါ။ ထို့နောက် ခေါင်းလျှော်ပေးနိုင်ပါတယ်။

မှတ်ချက် ။ ။ ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း ဆံပင်ကိုရေသေချာသုတ်ပြီးအုန်း ဆီလေးအနည်းငယ်လိမ်းကာ ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးခြင်း ဖြင့် ဆံသားပြန်ကောင်းစေနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာသန်စွမ်းသော ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ။

သတင်းအရင်းအမြစ် - မင်္ဂလာပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။