နိုဝင်ဘာ ၁၈၊ ၂၀၁၆

ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသားသေကံ ကျေးရွာနေ ရာမောက်တူလာ(၂၁နှစ်) (ဘ) မာမောက် ဟာရှေး သည် ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များက အစ္စလာမ် ဘာသာဝင်များအား ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဆော်ဒီနို်င်ငံများရှိ အစွန်းရောက်များထံသို့ မဟုတ်မမှန်သတင်းများ ပေးပို့နေကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့်အတူ ရာမောက်တူလာ၏ နေအိမ်သို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီတွင် သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ရာမောက်တူလာကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်း Rohingya Muslim Group အမည်ဖြင့် Viber Group တစ်ခု တွေ့ရှိရပြီး ယင်း Group တွင် “ဘူူးသီးတောင် မြို့နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများအား စစ်တပ်နှင့်ရဲများ ပူးပေါင်းကာ သတ်ဖြတ်နေကြသဖြင့် ကူညီပေး ကြရန်” ရာမောက်တူလာက ဘင်္ဂါလီစကားဖြင့် ပြောဆိုထားသည့် အသံဖိုင်ကို တွေ့ရှိခဲ့ရသည်။

ရာမောက်တူလာအား ဆက်လက်စစ်ဆေးခဲ့ရာ ပဏာမ စစ်ဆေးမေးမြန်း ချက်များအရ -

• လွန်ခဲ့သော ၂ လခန့်က ကျောက်ဖြူသားသေကံ ကျေးရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မော်လဝီ မာမွတ်ရှား (ဘ) အီမန်ဟူကိန်း (ကျောက်ဖြူသား သေကံရွာသား) က ရွာမှ အခြားမော်လဝီများ နှင့် ရာမောက်တူလာအား Viber ဖွင့်ပေးခြင်း၊ Group အတွင်း သတင်းတင်ခြင်း နည်းလမ်းများအား သင်ကြားပေးခဲ့ကြောင်း၊ ရာမောက်တူလာ က Group အတွင်းသို့ အခြားရွာသားများအား ဆက်လက် ထည့်သွင်း ပေးခဲ့ကြောင်းနှင့် ၎င်း Group ထဲတွင် ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာရှိ အစွန်းရောက်လှုပ်ရှားသူများ ဆက်သွယ် ပါဝင်ကြောင်း တွေ့ရှိရသည်။

• ထို့အပြင် ယင်း Viber Group တွင် ပါဝင်သူများသည် ယုံကြည်ချက်အစွန်းရောက်သူများ ဖြစ်ကြပြီး အဆိုပါ Viber Group တွင် အစိုးရကို တိုက်ခိုက်ရန်၊ ဖျက်ဆီးရန်နှင့် ၎င်းဒေသရှိ တရားမဝင် ဝင်ရောက်နေထိုင်သူ မူဆလင်များ နိုင်ငံသားဖြစ်ရေး ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

• ၎င်းအပြင် အဆိုပါ Rohingya Muslim Viber Group သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် အခြေစိုက်ဖွဲ့စည်းထားသော ရိုဟင်ဂျာအာရေဗွီးရှင်း သတင်းဌာနနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ထားပြီး နိုင်ငံတကာတွင်ရှိသော အစ္စလာမ် အစွန်းရောက်များထံမှ လိုအပ်သော အကူအညီများရရှိရေးအတွက် အဆက်အသွယ် ပြုလုပ်လျက် ရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လမှ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားသည်အထိ ပြည်ပမှ ငွေကြေးအကူအညီများ လွှဲပြောင်းပေးအပ်မှုများအား Viber Group မှတစ်ဆင့် အကြောင်းကြား အသိပေးလေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

စစ်ဆေးဖေါ်ထုတ်ချက်များနှင့် သတင်းကွင်းဆက်များအား စုံစမ်းဖော်ထုတ်လျက်ရှိိပြီး ဖော်ထုတ် ရရှိမှုများကို သတင်းဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

Source: State Counsellor Office Information Committee 

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။