ရုပ်၇ှင်သရုပ်ဆောင် မင်းသားနေမင်းဟာ မနေ့ညက သူကြုံတွေ့ခဲ့ရတဲ့ ဆိုးဆိုးဝါးဝါး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအကြောင့်ကို ပြောပြခဲ့ပါတယ်..။

အဲ့ဒီယာဉ်တိုက်မှုဟာ ကြားရတဲ့ သူတွေကို ထိတ်လန့်စေခဲ့ပြီး ပရိသတ်များ စိုးရိမ်ခဲ့ပေမယ့် လူကတောာ့ ဘာမှ မထိခိုက်ခဲ့ဘူးလို့ ဆိုပါတယ်..။

အဲ့ဒီ ယာဉ်တိုက်မှုကတော့ သူရဲ့ ကားကို ဝင်တိုက်ရာကနေ ကား ၄ စီးဆင့် တိုက်ခဲ့တဲ့ အဲ့ဒီ ယာဉ်တိုက်မှု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မင်းသား နေမင်းက အခုလို ပြောပြခဲ့ပါတယ်..။

“ကားတိုက်မိတဲ့ အချိန်မှာ အစ်ကိုက ကားကို ရပ်ထားပြီးသလို ဖြစ်သွားတဲ့ ကံကောင်းသွားတာပါ..။ ရှေ့ ပရိုဘောက်ကားကို တိုက်လိုက်ပြီးတော့ ဒီဘက်ကို အဲ့ကားတစ်စီးက လွှင့်လာတယ်ပေါ့နော်.. ။ လွှင့်လာပြီးတော့ အလယ်ကဝင်လာတဲ့ ကားတစ်စီးနဲ့ ထပ်တိုက်ပြီးတော့ တစ်စီးက လည်ပြီးတော့ အစ်ကို့ကားရှေ့တည့်တည့်ကို ကျတယ်.. တစ်စီးကကြတော့ ဒေါင်လိုက် လိမ့်ပြီးတော့ အစ်ကိုကားဘေးကို ခြစ်ပြီးတော့ ထွက်သွားတယ်..။ အဲ့နောက်မှ ရပ်တယ် ရပ်တဲ့ချိန်မှာ ဟိုကားမီးတွေလောင်တယ် အဲ့ကားမီးကို အစ်ကိုတို့ သတ်ပြီးတော့ ကားကို ပြန်တည့်တော့မှ ကားထဲက လူတွေကို ဆွဲထုတ်တယ်..။ အဲ့ချိန်မှာပဲ ရှေ့ကားထဲက လူတွေကို ဆွဲထုတ်တယ်.. လေအိတ်တွေကတော့ အကုန်ပွင့်သွားတယ် လေအိတ်တွေပွင့်သွားတဲ့အတွက် ဟိုဘက်(၃)စီးလုံးမှာ ရှိတဲ့လူတွေအကုန်လုံး အရမ်းအနာတရမဖြစ်ဘဲနဲ့ အရမ်းဒဏ်ရာကြီးကြီးမားမားတွေမဖြစ်ဘဲ ကွဲပြဲတာတွေ အဆင့်လောက်ပဲ ဖြစ်သွားခဲ့တယ်..။

ဟိုဘက် ဘရိုဘောက်မှာကျတော့ နိုင်ငံခြားသားတစ်ယောက်ပါတယ်.. ကားဆရာတစ်ယောက်ပါတယ်..။ ရှေ့က ကားကမှာောတ့ မိန်းကလေးက မျက်နှာပါးတစ်ခြမ်းတစ်ခုလုံးသွေးတွေရဲသွားတဲ့ ကျန်တဲ့ နှစ်ယောက်ကတော့ ထိခိုက်ပွန်းရှတာလောက်ပဲ ဖြစ်သွားတာပါပေါ့..။ အစ်ကိုကတော့ ဘာမှ မဖြစ်ပါဘူး အစ်ကိုတို့ ကားမှာ ၄ယောက်ပါတယ်..။ အစ်ကိုရယ်၊ အစ်ကို့ညီလေးနှစ်ယောက်ရယ် နောက်အစ်ကိုတို့ တူတစ်ယောက်ရယ် လေးယောက်ပေါ့ အစ်ကိုတို့က ကံကောင်းတာပေါ့နော် လည်ပြီး အစ်ကိုတို့ရှေ့ကို ပြုတ်ကျတဲ့ကားနဲ့ အစ်ကို့ကားနဲ့က လုံးဝတစ်စက်မှ မလျှော့ဘူး နံပါတ်ပြားနဲ့ အဲ့ကားနဲ့ ထိလျက်ပဲ ကွတ်တိပဲနည်းနည်းလေးသာ နောက်ကို ရော့ပြီး ပြုတ်ကျရင် အစ်ကိုတို့ဆီ မှန်တွေလာပြီ..။

အဲ့ကားနဲ့ နံပါတ်ပြားနဲ့ပဲ သွားထိတော့ ရှေ့ကားနဲ့ လုံးဝမထိသွားဘူး..။ ဘေးကလိမ့်သွားတဲ့ ကားကတော့ အစ်ကိုကားဘေးတစ်ခြမ်းကို ခုတ်ခုတ်ပြီးတော့ ခြစ်ပြီးတော့ ထွက်သွားတယ်.. ကားကတော့ ဘေးတစ်ခြမ်းလုံးကုန်သွားတယ်..။ ဖြစ်ဖြစ်ချင်းမှာ ဝုန်းခနဲဆိုဖြစ်သွားတဲ့ ချိန်မှာ ခဏတော့ကြောင်သွားတယ်.. ကိုယ်ကိုယ်တိုင် 5D ကြည့်နေရသလိုပဲ ရှေ့ကို ကားကြီး ပြုတ်ကျလာ ဘေးကိုဖြတ်သွားတယ်ဆိုတော့ ပြီးတော့မှ ဟာ ကားကြီးတိုက်သွားတာကွာဆိုပြီး ပြေးဆင်းပြီး မီးလောင်နေတဲ့ ကားကို မီးသတ်ဖို့ ဝိုင်းလုပ်ကြတယ်ပေါ့နော်.. မနက်ကတော့ ရဲမှူးက အင်ဂျင်နီယာနဲ့ ကားကို လာစစ်သွားတယ်.. ဟိုဘက်ကတော့ ကြည်ကြည်ဖြူဖြူနဲ့ အကုန်လုံး ပြန်လုပ်ပေးမယ် ပြောပါတယ်..။ သို့သော် အစ်ကိုတို့ ကားဘေးခြမ်းကို သွားအပ်တော့ လောလောဆယ်တော့ သိန်း(၂၀)လောက် ကုန်မယ်ပြောတယ်..။ လူဘာမှ မဖြစ်တာဘဲ ကံကောင်းပါတယ်..” လို့ နေမင်းက ပြောပြခဲံပါတယ်..။

Source – Cele7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။