ရဲသုံးဖော်ရဲ့အိမ်အပြန်


စင်ကာပူလိဂ်ကိုထွက်ကစားခဲ့ကြတဲ့မြန်မာ့လက်ရွေးစင်

ကစားသမားဟောင်းတွေဖြစ်တဲ့နန္ဒလင်းကျော်ချစ်၊

အောင်ကျော်နိုင်၊ကျော်ဇေယျာဝင်းတို့ပြည်တော်ပြန်လာကြပါပြီ။

မြန်မာကစားသမားတွေပြည်ပထွက်ကစားတယ်

ဆိုတာရှားမှရှားတဲ့အဖြစ်တွေပါ။ဒီလိုအနေအထား

မျိုးမှာသူတို့ရဲ့ရင့်ခဲ့ကြပါတယ်။သူတို့နေရှင်နယ်လိဂ်

ရဲ့အပြင်ဘက်ကိုထွက်ပြီးကစားပြခဲ့ကြပါတယ်။


အခုတော့သူတို့အိမ်ပြန်လာကြပါပြီ။ဘလက်စတီးယား

ခါဇန်ကလပ်မှာသူတို့အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။

စင်ကာပူမှာမြန်မာတွေအနေများတာမို့ဘလက်စတီးယား

ကလည်းပရိသတ်တွေလိုချင်တဲ့အတွက်သူတို့သုံးယောက်

ကိုခေါ်ယူခဲ့တာပါ။ဘလက်စတီးယားအသင်းဟာလည်း

သူတို့ကိုခေါ်ယူခဲ့တဲ့အတွက်မြန်မာပရိသတ်တွေအထိုက်

အလျောက်ရရှိခဲ့ပါတယ်။

သူတို့သုံးယောက်ဟာဘလက်စတီးယားအသင်းရဲ့

ပထမဆယ့်တစ်ယောက်မှာအနည်းဆုံးနှစ်ယောက်လောက်

တော့ပါနေကျပါ။ဒါပေမယ့်ကံမကောင်းစွာပဲသူတို့တွေ

ဘလက်စတီးမှာကစားနေစဉ်အတွင်းမြန်မာ့လက်ရွေး

စင်အသင်းကြီးအတွက်ခေါ်ယူခြင်းမခံခဲ့ရပါဘူး။

အောင်ကျော်နိုင်ကတော့လူသစ်တန်းမို့ထားပါ။

ကျော်ဇေယျာဝင်းနဲ့နန္ဒတို့ဟာမြန်မာဘောလုံးလောကရဲ့

ထိပ်သီးကစားသမားတွေဖြစ်ခဲ့တယ်ဆိုတာအားလုံး

အသိပါ။သူတို့အခုအိမ်ပြန်လာကြပါပြီ။

နေရှင်နယ်လိဂ်ရဲ့ဘယ်ကလပ်တွေမှာ

ဆက်လက်အသုံးတော်ခံကြမလဲ...

Source -S league

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။