နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရေထဲက ထွက်လာတဲ့ အဲဒီ တမူထူးခြားတဲ့ ပေါက်ကွဲသံဟာ သင်္ဘော ပျောက်မသွားခင် နောက်ဆုံး ဆက်သွယ်မှု ရရှိပြီး နာရီပိုင်းအကြာမှာ ထွက်ပေါ်ခဲ့တာဖြစ် တယ်လို့ ရှာဖွေ ရေးလုပ်ငန်းတွေကို ကူညီပေးနေတဲ့ အမေရိကန် ကျွမ်းကျင်သူအဖွဲ့ က ပြောကြားခဲ့ပါတယ်။

အမေရိကန် ကျွမ်းကျင်သူတွေကတော့ အဲဒီ တမူထူးခြားတဲ့ ပေါက်ကွဲသံဟာ တိုပြီး၊ ပြင်းထန်တဲ့အပြင် နျူကလီးယား ပေါက်ကွဲမှုမဟုတ်တဲ့ သာမှန် ပေါက်ကွဲအသံနဲ့ အလားသဏ္ဍာန် တူတယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကြေငြာပြီးချိန်တွင် ရေငုပ်သင်္ဘောပေါ် ပါသွားသူ ၄၄ ဦးရဲ့ မိသားစုဝင်တွေဟာ မကောင်းတဲ့ နိမိတ် သင်္ကေတအဖြစ် ယူဆတာကြောင့် ငိုကြွေးခဲ့ကြပါတယ်။

အာဂျင်တီးနား ရေတပ် ပြောခွင့်ရ Enrique Balbi ကလည်း ARA San Juan ရေငုပ်သင်္ဘောရဲ့ ကံကြမ္မာ အတိအကျကို သိရသည်အထိ ရှာဖွေမှုကို ဆက်လက် ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ အာဂျင်တီးနား ရေတပ်ရဲ့ ပျောက်ဆုံးရေငုပ်သဘောၤ ARA San Juan ဝိုင်းဝန်းရှာပေးနေတဲ့ နိုင်ငံပေါင်း တဒါဇင် ကျော် ရှိပြီး အမေရိကန် နှင့် ရုရှားတို့လည်း ပါဝင်ပါတယ်။

Source – VOA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။