ပီနန်ဆရာတော်ကြီးဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း လေးစားကြည်ညိုရတဲ့ ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ ပီနန်ဆရာတော်ကြီးက ဗူဒ္ဒဘာသာကိုလည်း သာသနာပြုနေသူပါ။ ယခုအခါမှာတော့ ပီနန်ဆရာတော်ကြီးသည် ဘဝနတ်ထံစံလွန်တော်မူသွားပြီဖြစ်ပါသည်။ ပီနန်ဆရာတော်ကြီးသည် ယနေ့ နိုဝင်ဘာလ၂၄ရက် သောကြာနေ ့မလေးရှားစံတော်ချိန် မနက် ၅ နာရီ အချိန်တွင် ဘဝနတ်ထံ စံလွန်တော် မူသွားပါတယ်။  

ပီနန်ဆရာတော်ကြီးသည် မလေးရှားနိုင်ငံ ပီနန်ကျောင်းတိုက်တွင် သီတင်းသုံးနေတာပါ။ ဆရာတော်ကြီးသက်တော်မှာ ၈၉နှစ်ရှိပါပြီ။ ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသသည် မလေးရှားစံတော်ချိန် ၅နာရီ ၁၅မိနစ်အချိန်တွင် ပျံလွန်တော်မှုသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ဆရာတော်ကြီးသည် ကျောက်ကပ်ရောဂါခံစားနေရတာပါ။ 

ထို့ကြောင့် ကျောက်ကပ်ရောဂါဖြင့် ပြီးခဲ့သည့် အောက်တိုဘာလကတည်းက မလေးရှားနိုင်ငံ ပီနန်မြို့ရှိ Island အထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။ ထိုကဲ့သို့ တက်ရောက်ဆေးကုသမှုခံယူနေရာ ယင်းဆေးရုံမှာပင် ပျံလွန်တော်မှုသွားခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ပီနန်ဆရာတော်ကြီးသည် ပြည်ပသာသနာပြုလောကကို အသွင်သစ်ဖြင့် တိုးတက်အောင် လမ်းညွှန်ဦးဆောင်မှုပေးခဲ့သူသာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ဥက္ကဋ္ဌ၊ ပီနန်၊ စင်ကာပူ၊ သြစတေလျ၊ နယူးဇီလန်၊ လော့စ်အိန်ဂျယ်လိစ်၊ နယူးယောက်၊ တိုရန်တို၊ ဆာစကက်တွန်း၊ ဗန်ကူးဗား(ကနေဒါ) အစရှိသော မြန်မာကျောင်းများ၏ဦးစီးနာယက ပဓာနဆရာတော်ကြီးဖြစ်ပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။