ယခုထက်ထိကြားနေရတဲ့ သတင်းတွေထဲကကတစ်ခုက ကားလမ်းလုမောင်းကြတာပါ။ အဆိုပါဖြစ်ရပ်တွေက ယခင် မ.ထ.သ လက်ထပ်လက်ထက်ကတည်းကဖြစ်နေကြတာပါ။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ YBS လိုင်းကိုထောင်လိုက်ပါတယ်။ ကားတွေပြိုင်မောင်းလိုမရအောင် တစ်လမ်းကြောင်းမှာ လိုင်း၁လိုင်းပဲထားပါတယ်။

သို့သော် အဆိုပါကိစ္စတွေက အဆင်မပြေခဲ့ပါဘူး။ ဒါ့ကြောင့် လမ်းကြောင်းအသစ်တွေ လိုင်းအသစ်တွေတိုးချဲ့ပေးပါတယ်။ စပယ်ယာတွေဖြုတ်လိုက်ပါတယ်။ စပယ်ယာတွေရဲ့ ကိုယ်နှုတ်အမှုအရာကြောင့် ခရိးသွားတွေနှင့်အဆင်မပြေခဲ့တာတွေ ရှိခဲ့တာ အများကြီးပါ။

ထို့ကြောင့် စပယ်ယာတွေ ဖြုတ်လိုက်တဲ့အတွက် ခရီးသွားများ ၀မ်းသာခဲ့ရပါတယ်။ သို့သော် ယခုဖြစ်ရပ်မှာတော့ ဒရိုင်ဘာတွေက ရန်ဖြစ်ခဲ့တာပါ။ စပယ်ယာတွေမပါလညး် ရန်ဖြစ်တဲ့သူတွေကရန်ဖြစ်နေကြတာပါ။ ယခုဖြစ်ရပ်မှာတော့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့ YBS 36 လိုင်းမှ YBS နှစ်စီး ယှဉ်မောင်းကြရင်း ကားရပ် ရန်ဖြစ်ကြခဲ့တာပါ။ ပိုဆိုးတာကတော့ တစ်လိုင်းတည်းတူတဲ့ ကားသမားတွေရန်ဖြစ်ခဲ့တာပါ။

Source – YBS 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။