ဇင်ဘာဘွေ သမ္မတ မူဂါဘီ ကို ၁၉၂၄ ခုနှစ် ဖေဖော်ဝါရီ လ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အစ ပထမ မှာ ကျောင်းဆရာ အဖြစ် အသက်မွေးခဲ့ပါတယ်။ တဖြည်းဖြည်း နဲ့ နိုင်ငံရေးပါတီ တစ်ခုမှာ ၀င်ရောက်လုပ်ကိုင်ရင်း ရာထူးအဆင့်ဆင့် တိုး လာခဲ့ပါတယ်။ နယ်လ်ဆင်မန်ဒဲလား လိုပဲ မူဂါဘီ ဟာ ထောင်ထဲမှာ နေခဲ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူပါ။ ပြန်လွတ်လာပြီးနောက် ၁၉၈၀ ခုနှစ် ကနေ ၁၉၈၇ ခုနှစ် အထိ ၀န်ကြီးချူပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ကနေစပြီး ဇင်ဘာဘွေ ရဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဇင်ဘာဘွေ သမ္မတ မူဂါဘီ အုပ်ချူပ်တဲ့ အချိန် ဇင်ဘာဘွေ နိုင်ငံသားတွေ ရဲ့ သက်တမ်းစေ့နေနိုင်မှု ဟာ တဖြည်းဖြည်းနိမ့်ကျလာခဲ့ပါတယ်။ ၆၀ ရာခိုင်နှုန်း သော ဇင်ဘာဘွေ နိုင်ငံသားတွေ ကတော့ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ ကျန်တဲ့ နိုင်ငံသားတွေ ကလည်း တစ်နေ့ကို တစ်ဒေါ်လာ အောက်သာ ရရှိနေကြပါတယ်။

ဇင်ဘာဘွေ နိုုင်ငံဟာ တစ်ချိန်ကတော့ အချမ်းသာ ဆုံး နိုင်ငံတွေ ထဲ ကတစ်နိုင်ငံပါ။ ယခု တော့ အဆင်းရဲ ဆုံးနိုင်ငံတွေ ထဲ ရောက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံ ကတော့ မူဂါဘီ ကို ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ တရုတ် ငြိမ်းချမ်းရေး နိုဘယ်ဆုလို့ခေါ်ဆိုနိုင်တဲ့ ကွန်ဖြူးရှပ် ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ယခုတော့ မူဂါဘီ ဟာ ဇင်ဘာဘွေ သမ္မတ အဖြစ်မှာ စွန့်လွှတ်ခဲ့ရပါပြီ။

Source: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။