POSH မဂ္ဂဇင်းအတွက် Bikini နဲ့ ဓာတ်ပုံရိုက်ကူးနေတဲ့ လုလုအောင်

လှပတဲ့ ခန္ဓာကိုယ် ပြေပြစ်တဲ့ ကောက်ကြောင်းအလှ စွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတွေနဲ့အတူ ပရိသတ်တွေကြား ရေပန်းစားနေသူကတော့ ဓာတ်ပုံ မော်ဒယ်လုလုအောင် ပဲဖြစ်ပါတယ်။ လုလုအောင်ဟာ ဓာတ်ပုံမော်ဒယ်လ်တစ်ယောက်အဖြစ် ွှပ်တည်နေပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ Single mother တစ်ယောက်ဖြစ်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေတဲ့ လေးစားဖွယ်အမျိုးသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ ဓာတ်ပုံတွေဟာ မြန်မာပြည်ရဲ့ culture အရ ဝေဖန်ခံရမှုတွေရှိနေပေမယ့်လည်း လက်ခံအားပေးနေတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ အခုပြောပြပေးမှာကတော့ လုလုအောင်ရဲ့ လက်ရှိအနုပညာလုပ်ငန်းတွေအကြောင်းနှင့်အတူ သူမရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အနုပညာတွေအကြောင်း MC interview ပဲဖြစ်ပါတယ်။

"မင်္ဂလာပါရှင် ဒီနေ့ကတော့ လုလုက POSH မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်တာပဲဖြစ်ပါတယ်။ သူတို့ရဲ့ Women's Secrect အတွက် two piece နဲ့ ဓာတ်ပုံရိုက်တာပေါ့နော်။ ဘယ်လိုပြောမလဲ လွတ်လပ်ပေါ့ပါးတဲ့ fashion တွေပုံစံတွေကို ဒီနေ့ဓာတ်ပုံဆရာ ဂျက်ဆင်နဲ့ ရိုက်ကူးနေတာပါ။ ဒီလို Bikini နဲ့မရိုက်ဖြစ်တာ ကြာပါပြီ။ အခုဟာကလည်း အရင်ပုံစံနဲ့မတူပဲ Bikini ဆိုတဲ့ ခန္ဓာကိုယ်အလှအပပေါ်စေတဲ့ပုံစံထက် fashion ဆန်ဆန်လေး fashion အသားပေး ရိုက်တာမလို့ အသစ်အဆန်းလေးလည်း ဖြစ်ပါတယ်။ ဒီလိုမျိုးတွေ ဓာတ်ပုံရိုက်ကူးတာဟာ ကျွန်မရဲ့ လွတ်လပ်ပိုင်ခွင့်မို့လို့ ဝေဖန်လာတာမျိုးတွေဆိုရင်တော့ ကောငးတာဆိုရင်တော့ ယူတယ်။ အဆင်မပြေဘူး ကိုယ််ကိုမလိုလို့ပြောတယ် အဲ့လိုမျိုးဆိုရင်တော့ ဥပေက္ခာပြုဖို့ ကြိုးစားပါမယ်"ဆိုပြီး သူမရဲ့သဘောထားနှင့်အတူ လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ပြောပြသွားပါတယ်။

"အရမ်းကြီး Hot တဲ့ပုံတွေများလာလို့ လျော့မယ်လို့ စိတ်ကူးထားပါတယ်။ လျော့လည်း လျော့နေပါတယ်။ အားပေးနေတဲ့ ပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်" ဆိုပြီး ဆက်လက်ပြောကြားသွားခဲ့ပါသေးတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။