သွေးဆိုတာ လူတိုင်းအတွက် လိုအပ်တဲ့အရာတစ်ခုပါ။ နာမကျန်းဖြစ်နေသူများအဖို့ဆို သွေးကအရေးကြီးပါတယ်။ ထို့ကြောင့် သွေးလှူဘဏ်တွေဆိုတာပေါ်ပေါက်လာတာပါ။ ယခုအခါမှာတော့ ရန်ကုန်ဆေးရုံကြီးအနီးတွင် သွေးမှောင်ခိုရောင်းသူများကိုဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ၂ယောက်က အမျိုးသားတွေပါ။ အဆိုပါ အမျိုးသား၂ယောက်ကို ရန်ကုန်ဆေးရုံကြီးအနီးတွင် နိုဝင်ဘာ၂၀ကဖမ်းဆီးနိုင်ခဲ့မိတာပါ။ သြဂုတ်လမှစတင်၍ တိုင်းအစိုးရ၏ စီစဉ်မှုဖြင့် အစိုးရပိုင် ဆေးရုံ၁၀ရုံကိုစောင့်ကြည့်နေခဲ့တာပါ။ ထိုကဲ့သို့ စောင့်ကြည့်ရင်း ယခုကဲ့သို့ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါ အမျိုးသား၂ယောက်သည် ဆေးရုံကြီးအနားတွင် မယောင်မလည် လှုပ်ရှားနေတာဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် တစ်ပတ်ခန့်စောင့်ကြည့်ခဲ့ရသည်။ ထိုကဲ့သို့စောင့်ကြည့်ပြီးမှ သေသေချာချာဖမ်းခဲ့တာဖြစ်သည်။ အဆိုပါ အမျိုးသား၂ယောက်ကို ကျန်းမာရေးပုဒ်မ ၂၇၁ဖြင့် တရားစွဲဆိုထားကြောင်းသိရှိရသည်။ အကယ်၍ ပြစ်မှုသာထင်ရှားပါက ထောင်ဒဏ်၆လဖြစ်ဖြစ် ဒဏ်ငွေဖြစ်ဖြစ်ချမှတ်နိုင်ကြောင်း သိရှိရသည်။

Source – The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။