အာဆင်နယ်ကစားသမား အိုဇေးက မကြာခင်အသင်းနှင့် စာချုပ်ကုန်တော့မှာပ။ အိုဇေးအနေဖြင့် အောင်မြင်မှုတွေ ပျောက်ဆုံးနေတဲ့ အာဆင်နယ်မှာမပျော်ပုံရပါတယ်။ ဒါ့ကြောင့် အသင်းကြီးအချို့က အိုဇေးကိုခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ အဆိုပါ အသင်းတွေထဲမှာ မန်ယူ၊ ဘာစီလိုနာ နှင့် ရီးရဲမက်ဒရစ်တို့ ပါ၀င်ပါတယ်။ 

ဒီရက်ပိုင်းမှာ ဘာစီလိုနာအသင်းဟာ အာဆင်နယ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မီစွတ်အိုဇေးကို ယူရိုသန်း ၂၀နဲ့ ဇန်နဝါရီ်အပြောင်းအရွေ့မှာခေါ်ယူဖို့ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေအတော်လေး ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပါ။ဒါပေမယ့် စပိန်ကလာတဲ့သတင်းတွေအရလီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌဘာတိုမြူနဲ့တွေ့ဆုံးခဲ့ပြီးအိုဇေးအသင်းထံမခေါ်ယူဖို့ပြောဆိုခဲ့တယ်လို့သိရပါတယ်။မက်ဆီက အိုဇေးဟာ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့အတွက်ဘာစီလိုနာအသင်းအတွက်မသင့်တော်တော့ကြောင်းပြောခဲ့ပါတယ်။ 

ဒါ့အပြင် မက်ဆီက ဘာစီလိုနာအသင်းရဲ့ပစ်မှတ်ဟာ အသက် ၂၅နှစ်အရွယ်ကော်တင်ဟို ကိုသာခေါ်သင့်တယ်လို့ပြောပါတယ်။ ကော်တင်ဟိုတို့လို့ အသင်းရဲ့အနာဂတ်မှာရေရှည်အထောက်အကူပေးနိုင်မယ့်ကစားသမားမျိုးသာဖြစ်သင့်ကြောင်းပြောကြားခဲ့တယ်လို့သတင်းအရသိရပါတယ်။လီယွန်နယ်မက်ဆီက အိုဇေးထက်ကော်တင်ဟိုကိုသာခေါ်ယူစေဖို့ပိုမို့ဆန္ဒရှိနေပြီး ဒီဇန်နဝါရီအပြောင်းအရွေ ့မှာမရခဲ့ရင် ရာသီကုန်မှာထပ်မံခေါ်ယူဖို့အသင်းကိုကြိုးစားစေချင်ကြောင်းသိရပါတယ်။ အိုဇေးတစ်ယောက် ဘယ်အသင်းရောက်မလဲဆိုတာ စောင့်ကြည့်ချင်စရာပင်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။