ပြီးခဲ့တဲ့နေ့များကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ကစားခဲ့ပါတယ်။ အုပ်စုအေမှာတော့ မန်ယူဟာ ဘေဆယ်နှင့်ကစားခဲ့ရပါတယ်။ ဘေဆယ်၏အိမ်ကွင်းမှာ ယူနိုင်တက်တို့ ကစားခဲ့တာပါ။ မန်ယူကတော့ ပထမအကျော့မှာ ဘေဆယ်ကို အနိုင်ရထားပါတယ်။

ပွဲစတယ်ဆိုတာနှင့် နှစ်ဘက်လုံး ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ သို့သော် မန်ချက်စတာယူနိုင်တက်အနေဖြင့်ကံမကောင်းခဲ့ပါဘူး။ ဘေဆယ်တို့က ပွဲပြီးခါနီး ၈၈မိနစ်မှာ မိုက်တယ်လန်းက အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူတို့ ၀-၁ ဘေဆယ် ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာခြေစွမ်းတိုးတက်လာခဲ့တဲ့ဘေဆယ်ရဲ့နောက်ကျအနိုင်ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်မန်ယူနိုက်တက်နည်းပြဟိုဆေးမော်ရင်ညိုက “ကျွန်တော်တို့ရှံုးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ပထမပိုင်းမှာပြိုင်ဘက်ကိုအတော်လွှမ်းမိုးကစားနိုင်ခဲ့ကာ ငါးဂိုးပြတ်နဲ့နိုင်ထားသင့်ပေမယ့်တစ်ဂိုးမှမရခဲ့လို့ပါ။ဒီလိုကစားပုံ အခွင့်အရေးတွေနဲ့ဆိုရင်အနိုင်မရဖို့မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့်အတွေ့အကြံုစကားပြောတာကတော့ဒီလိုအခွင့်အရေးများစွာကိုလွဲချော်ခဲ့ပြီဆိုရင်ကိုယ့်ကိုကိုယ်ဒီလိုအခြေအနေကိုပို့ဆောင်လိုက်သလိုပါပဲ။ ဒုတိယပိုင်းမှာကျွန်တော်တို့တွေးခဲ့တာကဂိုးမရှိသရေလောက်ဆိုအိုကေနိုင်တယ်ဆိုတာပါ။ ဒါပေမယ့်သူတို့နောက်ဆုံးမိနစ်မှာဂိုးသွင်းသွားခဲ့ပါတယ်။” လို့ပြောခဲ့ပါတယ်။

Source- Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။