မြောက်ကိုရိးယားနိုင်ငံဆိုတာကတော့ ကွန်မြူနစ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားက စစ်ခေါင်းဆောင်တွေကအုပ်ချုပ်ပါတယ်။ လက်ရှိအုပ်ချုပ်နေသူကတော့ ကင်ဂျုံအန်ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ မြောက်ကိုရီးယားစစ်တပ်တွင်အမျိုးသမီးစစ်သည်များအဓမ္မကျင့်ခံရမှုများ အနိုင်ကျင့်ခံရမှုများဖြစ်ပွားနေကြောင်း သတင်းများထွက်ရှီလာပါတယ်။ 

ယခင်ကတည်းက မြောက်ကိုရီးယားမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိတာပါ။ ယခုအခါ မြောက်ကိုရီးယားစစ်တပ်တွင် တာဝန်ထမ်းဆောင်ရသော အမျိုးသမီး စစ်သည်များ၏ ဘဝမှာ ကြမ်းတမ်းခက် ထန်လှကြောင်း၊ မိန်းမတို့ဓမ္မတာကိုလည်း ပိတ်ပင်ခံရပြီး အဓမ္မကျင့်မှုဖြစ်ရပ်များလည်း အစဉ်ဖြစ်ပွားနေကြောင်း မြောက်ကိုရီးယားမှ ထွက်ပြေးလာသည့် အမျိုးသမီးစစ်သည်တဦးက ပြောကြားခဲ့တာပါ။ အဆိုပါ အမျိုးသမီး၏နာမည်ကတော့ မစ္စလီဆီယွန်ဖြစ်ပါတယ်။ သူမအနေဖြင့် အသက်၁၇နှစ်ကတည်းက စစ်တပ်ကိုဝင်ခဲ့တာပါ။

၁၉၉၀ ခုနှစ်တဝိုက်တွင် မြောက်ကိုရီးယား၌ အငတ် ဘေးကြံုတွေ့နေရချိန်၌ ပုံမှန်စားစရာ ရရှိနိုင်မည့် အာမခံချက်ကြောင့် စစ်တပ်ထဲဝင်ခဲ့ခြင်းဖြစ်သည်။ အခြားသော ထောင်နှင့်ချီသည့် အမျိုးသမီးများကလည်း မျိုးချစ်စိတ်ဓာတ် လှုံ့ဆော်ပေးမှု၊ ဘုံရည်မှန်း ချက်များနှင့် ယင်းကဲ့သို့ စစ်တပ်ထဲဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။ အမျိုးသမီးစစ်သည်များသည် အာဟာရမပြည့်ဝဘဲ ပတ်ဝန်းကျင်စိတ်ဖိစီးမှုတွေကြောင့် ဓမ္မတာမလာကြတော့တာပဲဖြစ်ပါတယ်။ အမျိုးသမီးစစ်သည်များကို အမျိုးသားစစ်သည်များအတွက် ခြွင်းချက်ထားသော အချက် အပြုတ်နှင့် သန့်ရှင်းရေးလုပ်ငန်းများလုပ်ကိုင်စေကြောင်း သိရှိရသည်။

Source – Daily Mail, News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။