ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့တော်ရဲ့ အရှေ့ပိုင်းမှာရှိတဲ့အာဘင်းမြို့မှာ နိုဝင်ဘာ၂၃ရက်ကလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူ၁၂ ဦးဒဏ်ရာရရှိသွားပါတယ်။အာဘင်းမြို့ဟာဆီးရီးယားသူပုန် အယ်လ်ရာမန်အဖွဲ့က ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ရာ အခုလို လူ ၁၂ ဦး ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

နောက်ထပ် သူပုန်တွေထိန်းချုပ်ထားတဲ့ ဇာမာလ်ကာမြို့ကိုလည်း နိုဝင်ဘာ၂၃ ရက်တရက်တည်းမှာပဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။အခုလေကြောင်းတိုက်ခိုက်မှုတွေကို ဆီးရီးယားအစိုးရက ပြုလုပ်တာဖြစ်တယ်လို့ ယူဆကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကပြောပါတယ်။အာဘင်းမြို့Unitedofficeကလွှင့်တင်ခဲ့တဲ့ ဗွီဒီယိုဖို်င်မှာ လေယာဉ်ပျံတွေကနေ တိုက်ခိုက်နေပုံတွေကို ရိုက်ကူးထားပြီး မီးခိုးတွေ အုံ့ဆိုင်းနေတဲ့ပုံတွေကို တွေ့မြင်ရပါတယ်။ 

နောက်ပြီး ကလေးငယ်တွေ အပါအဝင် ဒဏ်ရာရသူတွေ ဆေးကုသမှု ခံနေပုံတွေကိုလည်း တွေ့မြင်ရပါတယ်။ဆီးရီးယားအစိုးရဘက်က ရုရှားပါဝင်ကူညီတိုက်ခိုက်လာအပြီးမှာဆီးရီးယားသူပုန်တွေ အောင်ပွဲရဖို့ လမ်းမရှိ ဖြစ်လာခဲ့တာပါ။ရုရှားသမ္မတ ပူတင်ဟာ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေပါတဲ့ ဆွေးနွေးပွဲကြီးတခုလုပ်ဖို့ တိုက်တွန်းထားပါတယ်။အဲဒီဆွေးနွေးပွဲကတဆင့် အနာဂတ် ဆီးရီးယားနိုင်ငံပုံစံ ချမှတ်ဖို့ မူဘောင်တွေ ရေးဆွဲဖို့ကို ရုရှားက တိုက်တွန်းထားတာဖြစ်ပါတယ်။

Source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။