ကိုယ့်ကိုတကယ်မချစ်တဲ့သူဆိုတာ ကိုယ့်ရဲ့အားနည်းချက် အားသာချက်ကို ထဲထဲဝင်ဝင်စိတ်ဝင်စားမှာမဟုတ်သလို အချိန်ကြာလာတာနဲ့အမျှ သရုပ်မှန်ကပေါ်လာတတ်ပါတယ်။။ ကိုယ့်ကိုတကယ်ချစ်တဲ့သူဆိုရင်တော့ ကိုယ်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အရှိအတိုင်းလက်ခံပေးနိုင်သူဖြစ်ပါတယ်။

မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ဘဲဘဲက ကိုယ့်ကိုတကယ်ချစ်လားဆိုတာ သိချင်ရင်တော့ ဒီအချက်တွေနဲ့ တိုက်ကြည့်နော်။

(၁) သင်နဲ့ပတ်သက်ပြီး စိတ်နှစ်ထားတယ် ၊သင်တို့Relationship ဘယ်လိုတည်မြဲအောင်လုပ်ရမလဲပဲ သူ့ခေါင်းထဲမှာရှိတယ်။

(၂) သင်နဲ့ ပတ်သက်ပြီး ပြသနာဖြစ်ရမှာကို သူဝန်မလေးဘူး။

(၃)သင်နဲ့ပတ်သက်တဲ့ အသေးအမွှားကိစ္စလေးတွေကအစ အမှတ်တရတွေကို သေချာအလေးနက်ထားမှတ်ထားတတ်တယ်။

(၄) သင်ဘာဖြစ်ချင်လဲ ၊ ဘာတွေအလိုမကျနေလဲ ဆိုတာ ခရေစေ့တွင်းကျ သဘောပေါက်လွယ် ပြီး အလိုက်သိလွန်းတယ်။

(၅)သင်လုပ်သမျှကို အမြဲတမ်းအကောင်းမြင်လေ့ရှိတယ်။ ဥပမာ ချီးကျုးစကားပြောတာ ၊ကိုယ်ဂျစ်ကန်ကန်လုပ်မိရင်တောင်မှ သင့်ကို စိတ်မဆိုးတဲ့အပြင် ချစ်စရာကောင်မလေးလို့ အကောင်းမြင်တတ်တဲ့သူ။

(၆) သင့်ရဲ့ ပြသနာကို သူ့ရဲ့ ပြသနာလိုပဲ သဘောထားတယ်။ သင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ဒုက္ခတွေ ကို သင်နဲ့ထပ်တူမျှဝေခံစားပေးတယ်။

(၇)သင်အမှားတွေလုပ်တဲ့အခါ မဆူမဟောက်ပဲ ဟာသအမြင်လေးနဲ့နှောပြီး နားဝင်အောင်ပြောလေ့ရှိတယ်။

(၈) သင့်ပြသနာတက်တိုင်း သူ့အမှားလို့ပဲ တွေးပြီး ပြန်ခေါ်လေ့ရှိတယ်။

Source : Lifehack

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။