ကြီးကျယ်ခမ်းနားလှတဲ့ Khufu ပိရမစ်Khufu

ပိရမစ်ကြီးကို 2560 B.Cမှာစတင်တည်ဆောက်ခဲ့ပီး လူပေါင်း၁၀၀၀၀ကျော်လုပ်အားဖြင့်နှစ်နှစ်ဆယ်ကြာတည်ဆောက်ခဲ့ရသည်။တည်ဆောက်ရာတွင်ကျောက်တုံးပေါင်း နှစ်သန်းကျော်ကိုအသုံးပြုခဲ့ရပီး ကျောက်တုံးတစ်တုံးစီရဲ့အလေးချိန်က ကီလို ၉၀၀လောက်ရှိပါတယ်။ 

ရင်သပ်ရှုမောဖွယ်ကောင်းသည့် ဘေဘီလုံက Hanging Garden

ဒီဥယျာဉ်ကိုတော့ 600 B.Cလောက်မှာတည်ဆောက်ခဲ့တယ်လို့ယူဆရပါတယ်။ Nebuchadnezzar II ဆိုတဲ့ ဘုရင်ဟာသူ့ရဲ့မိဖုရားသေဆုံးသွားတာကို အမှတ်တရအဖြစ်တည်ဆောက်ခဲ့တယ်လို့သိရပါတယ်။ ဒီဥယျာဉ်ထဲမှာ လှပတဲ့အပင်တွေနဲ့ ပန်းပင်ပေါင်းများစွာစိုက်ပျိုးထားပါတယ်။ 

အ့ံဖွယ်လက်ရာတွေနဲ့Artemis ဘုရားကျောင်း

Artemis ဘုရား ကျောင်းကြီးကို550 B.Cလောက်မှာတည်ဆောက်ခဲ့တယ်လို့ယူဆရပီး အာ့ဒီအချိန်တုန်းကအကြီးဆုံးဘုရားကျောင်းကြီးတစ်ခုဖြစ်ခဲ့ပါတယ်။တိုင်ပေါင်း( ၁၂၇)ခု ပါ၀င်ပီး တိုင်တစ်တိုင်ချင်းစီရဲ့အမြင့်ဟာ ၁၈မီတာမြင့်ပါတယ်။ ဘုရားကျောင်းကြီးကို မာဘယ်လ်ကျောက်အများဆုံးသုံးပီးတည်ဆောက်ထားတာပါ။

ရွှေတွေနဲ့ထုလုပ်ထားတဲ့ Zeusရုပ်တု

ဒီရုပ်တုကြီးကို 450 B.Cမှာထုလုပ်ခဲ့ပီး ဂရိနိုင်ငံမှာရှိတဲ့ အိုလံပီယာဘုရားကျောင်းကြီးထဲမှာထားရှိခဲ့ပါတယ်။Zeus ရုပ်တုကြီးကို ဆင်စွယ်၊ ရွှေအပြင် တခြားသော သတ္ထုများစွာဖြင့်ပေါင်းစပ်ပီးထုလုပ်ခဲ့ပါတယ်။ 

Harlicarnassus မှာရှိတဲ့ သချိုင်းဂူဗိမာန်

ဒီဗိမာန်ကြီးကို 350 B.Cမှာတည်ဆောက်ခဲ့တာဖြစ်ပီး Mausolous ဆိုတဲ့ဘုရင်ဟာသူနတ်ရွာစံ တဲ့အခါမှာ ထည့်သွင်းမြုပ်နှံဖို့အတွက်တည်ဆောက်စေခဲ့ပါတယ်။ဂူဗိမာန်တစ်ခုလူံးကို အဖြူရောင်မာဘယ်လ်ကျောက်များဖြင့်တည်ဆောက်ထားပီး ၄၂ မီတာအမြင့်ရှိပါတယ်။

The Colossus of Rhodes

ဒီရုပ်တုကြီးကို B.C 282ခုလောက်မှာတည်ဆောက်ခဲ့ပီး ၃၆.၅မီတာအမြင့်ရှိပါတယ်။ နှိုင်းယှဉ်ချက်များအရ အဆိုပါရုပ်တုကြီးဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ လေဘာတီရုပ်တုထက်တောင်ပိုမြင့်နိုင်တယ်လို့ဆိုကြပါတယ်။

လှပခမ်းနားလွန်းတဲ့ Alexandriaရဲ့ မီးပြတိုက်ကြီး

အဆိုပါမီးပြတိုက်ကြီးဟာ 270 B.C လောက်မှာတည်ဆောက်ခဲ့တယ်လို့ယူဆရပီး ဒီမီးပြတိုက်ကြီးဟာသူ့ခေတ်သူ့အခါတုန်းကအကြီးမားဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။၁၂၂မီတာအမြင့်ရှိပီးတော့ ညဖက်ဆိုရင်မိုင်အကွာလောက်ကနေ သင်္ဘောပေါ်ကြာ့်ရင် မီးပြတိုက်ကြီးရဲ့အလင်းရောင်ကိုမြင်နိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။