အီတလီနိုင်ငံတွင်ဆပ်ကပ်အဖွဲ့များအားတိရစ္ဆာန်များအသုံးပြုခြင်းကိုပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ဆပ်ကပ်အဖွဲ့များဟာ တိရစ္ဆာန်များကို မသုံးရဟူသော ဥပဒေကိုအီတလီပါလီမန် ကလက်ခံလိုက်ပြီလို့ တိရစ္ဆာန် ကာကွယ်ရေးနိုင်ငံတကာအဖွဲ့အစည်းကသတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။လက်ရှိမှာအီတလီတွင် ဆပ်ကပ်ပေါင်း၁၀၀ခန့်ရှိပြီးတိရစ္ဆာန်ပေါင်း၂၀၀၀ခန့်ကိုအသုံးပြုနေတယ်လို့ယူဆရပါတယ်။အီတလီအစိုးအရရဲ့ယခုလို့တိရစ္ဆာန်များအသုံးပြုခြင်းကိုပိတ်ပင်လိုက်တာကြောင့်တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများအတွက်အားတက်စရာပဲဖြစ်ပါတယ်။ 

အီတလီနိုင်ငံဟာဆပ်ကပ်များတွင်တိရစ္ဆာန်များကိုမသုံးရဟုသတ်မှတ်လိုက်သည့်(၄၁)နိုင်ငံမြောက်နိုင်ငံဖြစ်လာပြီပဲဖြစ်ပါတယ်။နယ်လှည့်ဖျော်ဖြေးရေးဆပ်ကပ်အဖွဲ့များဟာတစ်ပတ်ပြီးတစ်ပတ်လှည့်လှည်သွားလာနေသည့်အတွက်တိရစ္ဆာန်များကိုယာယီလှောင်အိမ်များတွင်ပင်ထားကာတိရစ္ဆာန်များ၏လိုအပ်ချက်ကိုမဖြည့်ဆည်းပေးနိုင်ကြဘူးလို့သိရပါတယ်။ထို့အပြင်ဆပ်ကပ်သမားများဟာတိရစ္ဆာန်များကိုခိုင်းသည့်အတိုင်းလိုက်လုပ်စေရန် တိရစ္ဆာန်များကိုနှိပ်စက်ညှဉ်းပန်းတယ်လို့စစ်ဆေးချက်များအရသိရတာကြောင့်အခုလိုအမိန့်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။

ယခုကဲ့သို့အီတလီပါလီမန်ရဲ့ဆုံးဖြတ်လိုက်ရတဲ့အတွက်ဝမ်းမြောက်လှပါတယ်လို့တိရစ္ဆာန်အခွင့်လှုပ်ရှားသူများအဖွဲ့ကဆိုပါတယ်။ဆက်လက်၍အမေရိကန်နှင့်ဗြိတိန်ကဲ့သို့သောနိုင်ငံများဟာလည်းအီတလီအတိုင်းလိုက်လုပကာတိရစ္ဆာန်များညှဉ်းပန်းနှိပ်စက်ခံနေရမှုကိုတားဆီးသွားပါရန်တိုက်တွန်းပါကြောင်းတိရစ္ဆာန်အခွင့်လှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။

သတင်းအရင်းအမြစ် - Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။