သင်အပါအဝင် လူတိုင်းလိုလိုက ချမ်းသာကြီးပွားတိုးတက်ချင်တဲ့သူတွေချည်းပါပဲ။ အောင်မြင်မှုကို ရဖို့ ဒီအတိုင်းပေါ့ပေါ့နေနေ ပေါ့ပေါ့စား ပျော်ပါးလိုက်နဲ့တော့ အောင်မြင်မှုဟာ သင့်လက်ထဲကို ရောက်မလာနိုင်ပါဘူး။ လူကြီးသူမတွေ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ၊သူဌေးကြီးတွေရဲ့ ဘဝနေထိုင်မှုပုံစံတွေကို အတုယူတတ်ရပါမယ်။ ကိုယ်စံထားတဲ့အခါ သူတို့တွေရဲ့ ငွေကြေးသုံးစွဲပုံကို အဓိက လေ့လာစူးစမ်းသင့်တာပါ။

တကယ့်သူဌေးတွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။ သူတို့ဟာ ငွေရှာနည်းကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်းကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံးဝင်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်းလျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။

၁။ကယ်မလိုအပ်တဲ့ အရာတွေကို မဝယ်ယူမိပါစေနဲ့

တကယ့်သူဌေးတွေဟာ လူအထင်ကြီးစေဖို့အတွက် သူတို့အတွက်တကယ် မလိုအပ်တဲ့အရာတွေကို ၀ယ်ယူလေ့မရှိကြပါဘူး။

၂။အနာဂါတ်အတွက်ငွေကြိုစုထားပါ

ငယ်ရွယ်စဉ်မှာငွေမရှိပဲနဲ့ နေနိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာတော့ ငွေမရှိပဲနဲ့နေလို့ မရပါဘူး။ဒီအတိုင်းပဲ သူဌေးတွေဟာ အနာဂါတ်အတွက် ငွေကြိုစုထားလေ့ရှိပါတယ်။

၃။ထွက်ငွေနဲ့ဝင်ငွေကို စာရင်းပြုစုထားပါ

သူဌေးတွေဟာ ထွက်ငွေ၊၀င်ငွေစာရင်းကို ပြုစုထားလေ့ရှိကြပါတယ်။ ဒါမှသာ သုံးစွဲမှု့တွေဟာ လိုအပ်လား၊မလိုအပ်လား ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။

၄။အလုပ်ကြိုးစားပါ

သူဌေးမို့လို့ အလုပ်သမားတွေလောက် အလုပ်မလုပ်ဘူးလို့သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် ကိုယ်ထူးကိုယ်ချွန် သူဌေးတွေကတော့ သူ့ဝန်ထမ်းတွေထက် ၂ဆလောက် အလုပ်ပိုလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အတွက် အလုပ်ပိုတွင်ကျယ်သလို ငွေကုန်သက်သာစေမှာ အမှန်ပါပဲ။

၅။စျေးဆစ်ပါ

သူဌေးတွေမို့လို့ ပစ္စည်းတွေကို စျေးမဆစ်ပဲ ၀ယ်ယူမှာပဲ လို့သင်ထင်နေရင်တော့ မှားသွားပါပြီ။ တကယ်တော့ သူဌေးတွေဟာ သာမန်လူထက် ပိုပြီးတောင် စျေးဆစ်တတ်ကြသေးပါတယ်။

၆။သန်းကြွယ်သူဌေးဖော်မြုလာကိုသုံးပါ

ရလာတဲ့ဝင်ငွေထဲကနေ အကျိုးပြုလုပ်ငန်းတွေအတွက် တိကျတဲ့ရာခိုင်နှုန်းကိုဖယ်ပါ။ သင့်လုပ်ငန်းတွေအတွက်လာည်း တိကျတဲ့ရာခိုင်နှုန်းကိုဖယ်ပါ ။ကျန်တာကိုသုံးစွဲပါ။

၇။ငွေယိုစိမ့်မှု့တွေကို ပိတ်ပစ်ပါ

သေးငယ်တဲ့ယိုပေါက်ကလေးတစ်ခုဟာ ကြီးမားတဲ့သင်္ဘောကို မြုပ်ပစ်နိုင်တယ်လို့ ဘင်ဂျမင်ဖရန်ကလင်း ကတော့ ဆိုလေရဲ့။ဒီစကား အတိုင်းပါပဲ ချမ်းသာသူတွေဟာ မလိုအပ်ရင် ငွေကြေးအနည်းငယ်ကိုတောင် မသုံးကြပါဘူး။

အထက်က အချက်တွေဟာ လိုက်လံလုပ်ဆောင်ဖို့ ရိုးရှင်းလွယ်ကူ လှပါတယ်။ တတ်နိုင်သလောက် လုပ်ဆောင်ကြည့်မယ်ဆိုရင် သင့်အတွက်အကျိုးရှိလာမှာ ဧကန်ပါပဲ။ 

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။