၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ ခနောကြက်သားမှုန့်အမှတ်တံဆိပ်မှ စီစဉ်ပြုလုပ်နေသည့် “ကြွယ်ဝတဲ့အရသာ၊ ကြွယ်ဝတဲ့ဘဝ” ကံစမ်းမဲအစီအစဉ်တွင် အကြီးဆုံးဆုမဲဖြစ်တဲ့ ကျပ်သိန်း ၁၀၀ ဆု (၅) ဆုအနက်မှ ပထမဆုံးဆုကို ဆွတ်ခူးခဲ့သော ကံထူးရှင် ပေါ်ထွက်လာပြီပဲဖြစ်ပါတယ်။

အဆိုပါ ကံထူးရှင်ကို ခနောမှ ယနေ့တွင် ကြေညာခဲ့ပါတယ်။ ခနောကြက်သားမှုန့်အထုပ်များတွင် ထည့်သွင်းထားတဲ့ ဤဆုကြီးကို ကံထူးသွားသူမှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အသက် ၃၃ နှစ်အရွယ် အိမ်ရှင်မတစ်ဦးဖြစ်သည့် မသန်းသန်းခိုင်ဖြစ်ပါတယ်။

“အထုတ်ကို ဖောက်တော့ ကုဒ်နံပါတ်ကို တွေ့တာနဲ့ message ပို့လိုက်တာပေါ့နော်။ ပို့ပြီးပြီးချင်းပဲ သိန်းတစ်ရာ ကံထူးရှင် ဖြစ်ပြီဆိုတဲ့ စာပြန်ဝင်လာတယ်။ သိန်းတစ်ရာ ပေါက်တယ်လို့ သိလိုက်ရတဲ့ အချိန်မှာ ကျွန်မ မပြောပြနိုင်လောက်အောင်ကို ၀မ်းသာသွားတာပါ။ ကျွန်မတို့ တစ်အိမ်လုံး ပျော်လွန်းလို့ ထတောင် ကကြတယ်။” လို့ ကံထူးရှင် မသန်းသန်းခိုင်မှ ပြောခဲ့ပါတယ်။  

ကျပ်သိန်း ၁၀၀ ဆု ၅ ဆု အနက်တွင် ပထမဆုံး ဆုကို ဆွတ်ခူးသွားသူမှာ ပေါ်ထွက်လာခဲ့ပြီဖြစ်သော်လည်း ကျပ်သိန်း ၁၀၀ ဆု ၄ ဆု၊ စင်ကာပူ ခရီးစဉ် ၂၀ ဆု၊ စိန်လက်စွပ် ၅၀ စု၊ ကျပ် ငါးသောင်း ဆုမဲပေါင်းများစွာ ကျန်ရှိနေသောကြောင့် ခနော ချစ်သူများ၊ ခနော ပရိတ်သတ်များ ဆက်လက် ကံစမ်းနိုင်ကြောင်းကိုလည်း သိရှိရပါတယ်။

သတင်းအရင်းအမြစ် - ခနော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။