သူမကတော့ အထွေအထူးမိတ်ဆက်ပေးနေစရာမလိုတဲ့ နိုင်ငံကျော်မြန်မာသံအဆိုတော် တွ့ံတေးသိန်းတန်ရဲ့ သမီးဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ ဂီတအမွေဆက်ခံတဲ့ အဆိုတော်ရွှေရည်သိန်းတန်ဟာ မြန်မာသံတေးသီချင်းလေးတွေသီဆိုရင်း နာမည်ကြီးလာသူဖြစ်ပါတယ်။

လက်တလောလူမှုကွန်ရက်မှာတော့ သူမရဲ့ လက်ဝတ်ရတနာတစ်ခု ကျပျောက်ပြီး ပြန်ရတဲ့သတင်းက ဟိုးလေးတစ်ကျော်ဖြစ်လို့နေပါတယ်။

ရွှေရည်သိန်းတန်ဟာ ယနေ့နို၀င်ဘာလ(၂၄)ရက်မှာ သူမသွားရောက်ခဲ့တဲ့ (၉)မိုင်က Feel စားသောက်ဆိုင်မှာ ဆွဲသီးကျပျောက်ခဲ့တာပါ။ အဆိုပါ ရွှေရည်နီလာဆွဲသီးကြီးကို ၀န်ထမ်းကောင်မလေးက သိမ်းထားပေးခဲ့ပြီး ပြန်လည်ရရှိတာကြောင့် ၀မ်းမြောက်ဝမ်းသာနဲ့ ကျေးဇူးတင်စကားဆိုထားပါတယ်။

""ရွှေရည့်နီလာ ဆွဲသီးကြီး 9မိုင် feelမှာ ကျန်ခဲ့တာ ကိုယ်ကိုယ်တိုင် ဝန်ထမ်းကလေးတွေကို မေးရမှာ အားနာနေတာနှင့် မေးသင့်မမေးသင့်ပြောရခက်နေတဲ့ကြားက အရဲစွန့်မေးလိုက်တာ..  

သေချာသိမ်းထားပေးပါတယ်တဲ့..ပြန်ရလာခဲ့တယ်..ဝန်ထမ်းညီမလေးက

တွေ့လို့ တန်ဖိုးကြီးမှာပဲမမဆိုပြီး မန်နေဂျာအမကြီးကိုအပ်ထားပေးတာတဲ့လေ..

ရိုးသားတဲ့ညီမလေးကိုမယူဘူးဆိုတဲ့ကြားက မရမက မုန့်ဖိုးအတင်းပေးခဲ့မိတယ်..ကျေးဇူးတင်လွန်းလို့ပါ..ညီမလေးသာမရိုးသား

ခဲ့ရင် လို့ တွေးကြည့်လိုက်ရင်...မတွေးတောင်မတွေးရဲတော့ပါဘူး..

ရိုးသားသောဝန်ထမ်းများနှင့် ဂုဏ်သိက္ခာရှိသော FELL အနှိုင်းအဆမဲ့အောင်မြင်ပါစေလို့ဆုတောင်းရင်း...

ပိုင်ရှင်မှအစ ဝန်ထမ်းအားလုံးကို လေးစားစွာဖြင့်..

ရွှေရည်သိန်းတန်"" ဆိုပြီး သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ ရေးသားထားတာပါ။

ဒီလို ရိုးသားမှုရှိတဲ့ သူတွေ အတော်ကိုရှားသွားပါပြီနော်။  

Source :Shwe Yee Thein Tan fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။