ရုတ်တရက် သတင်းစာထဲပါလာခဲ့တဲ့ အဆိုတော်ချမ်းချမ်းနဲ့ သူ့ခင်ပွန်းမော်ဒယ် ဘုဏ်းသိုက်တို့ ကွာရှင်းပြီးစီးကြောင်းသတင်းကြောင့်

ပရိတ်သတ်တွေ အံ့သြကုန်ကြပါတယ် ။ ဒီထက်ပိုအံ့သြဖို့ကောင်းတာကတော့ ဒီကွာရှင်းပြတ်စဲကြောင်းသတင်းအကြောင်းကို ချမ်းချမ်းဘက်ကထည့်သွင်းတာဖြစ်ပေမယ့်

ကာယံကံရှင်နောက်တစ်ယောက်ဖြစ်တဲ့ ဘုဏ်းသိုက်က လုံးဝမသိရှိခဲ့ဘဲ မြင်မှသိတယ်လို့ ဆိုခဲ့တာပါ ။

ဒီကိစ္စနဲ့ပါတ်သတ်ပြီး ဘာအကြောင်းကြောင့် ဒီလိုဖြစ်ရတာလဲလို့

ပရိတ်သတ်တွေကသိချင်နေကြပြီး ချမ်းချမ်းကိုယ်တိုင်ပြောတယ်ဆိုတဲ့ ကွာရှင်းခြင်းနောက်ကွယ်က အကြောင်းရင်းတွေဟာလည်း အွန်လိုင်းမှာပျံနှံလာခဲ့ပါတယ် ။

အဆိုပါစာတွေကိုတော့ ချမ်းချမ်းက သူမရဲ့ လူမှုကွန်ယက်မှာတင်ပြီး မကြာခင်မှာပဲပြန်ဖျက်ပစ်ခဲ့တာပါ ။ အထဲမှာတော့ အခြားတစ်ယောက်အတွက် သူမက သူမရဲ့ခင်ပွန်းလို့ စွန့်လွှတ်ပေးခဲ့တယ်ဆိုတဲ့ အကြောင်းကို သူမရဲ့ခံစားချက်တွေနဲ့ ရေးသားထားခဲ့ပါတယ် ။ 

ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ဟာ ကိုးကွယ်ရာဘာသာတရားမတူညီခဲ့တာတောင် နားလည်မှုတွေနဲ့ နှစ်လရှည်ချစ်ကြိုက်ခဲ့ကြပြီးမှ လက်ထပ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးဖြစ်ပြီး သမီးလေးတစ်ယောက်လဲ ရှိပါတယ် ။ ပရိတ်သတ်တွေက တော့ ချမ်းချမ်းကို ၀ုိင်းဝန်းအားပေးနေခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ် ။ 

သတင်းအရင်းမြစ် Chan Chan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။