အာဂျင်တီးနားတိုက်ကွမ်ဒိုအားကစားသမားမက်ဆီမီလီယာနိုအယ်လ်မန်ဒိုဟာသမီးဖြစ်သူရဲ့မွေးနေ့ပွဲလေးကိုခမ်းနားစွာကျင်းပပေးနိုင်ရန်ကျောက်ကပ်တစ်လုံးရောင်းချခဲ့တယ်လို့သိရပါတယ်။

အသက်(၄၀)အရွယ်ရှိပြီးဖြစ်တဲ့မက်ဆီမီလီယာနိုအယ်လ်မန်ဒိုဟာချီလီနှင့်ဥရုဂွေးနိုင်ငံများတွင်နိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကာရွှေတံဆိပ်များဆွတ်ခူးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အယ်လ်မန်ဒိုဟာသမီးဖြစ်သူရဲ့အသက်(၁၅)နှစ်ပြည့်မွေးနေ့ပွဲလေးကိုခမ်းနားစွာကျင်းပပေးရန်ငွေမှာလုံလောက်မှုမရှိတာကြောင့်ကျောက်ကပ်တစ်လုံးရောင်းချခဲ့တာပဲဖြစ်ပါတယ်။ 

အယ်လ်မန်ဒိုနှင့်သူရဲ့မိသားစုဟာအားကစားမှရရှိသည့်ဝင်ငွေမှာလုံလောက်မှုမရှိတာကြောင့်အပြင်အလုပ်များမှရရှိတဲ့တစ်လဝင်ငွေဒေါ်လာ(၈၀၀)ခန့်ကိုသာမီခိုအားထားရပ်တည်နေရတာပဲဖြစ်ပါတယ်။

သို့သော်လည်းအယ်လ်မန်ဒိုဟာသမီးဖြစ်သူရဲ့အသက်(၁၅)နှစ်ပြည့်မွေးနေ့ပွဲလေးကိုအခြားမိန်းကလေးတွေထက်ခမ်းနားအောင်ကျင်းပပေးလိုစိတ်ပြင်းထန်နေခဲ့တာပဲဖြစ်ပါတယ်။

အမေရိကရှိနိုင်ငံတော်တော်များများတွင်ယခုလိုကလေးဘဝမှလူငယ်ဘဝသို့ကူးပြောင်းတဲ့အသက်(၁၅)နှစ်ပြည့်မွေးနေ့ပွဲကိုအရေးတယူကျင်းပလေ့ရှိကြတာပဲဖြစ်ပါတယ်။ 

အယ်လ်မန်ဒိုဟာသမီးဖြစ်သူရဲ့(၁၅)နှစ်ပြည့်မွေးနေ့ပါတီကိုခမ်းနားစွာကျင်းပပေးနိုင်ဖို့လူမှုကွန်ရက်မှာကျောက်ကပ်ရောင်းရန်ကြေညာထားခဲ့တာပဲဖြစ်ပါတယ်။ 

အယ်လ်မန်ဒိုဟာ ကျောက်ကပ်မရောင်းမှီအချိန်တွင်ကားရောင်းခြင်း၊ထီထိုးခြင်း၊အလုပ်တိုးလုပ်ခြင်းအစရှိသဖြင့်နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားကြည့်ခဲ့သော်လည်းမအောင်မြင်တာကြောင့်နောက်ဆုံးမှာတော့သူ့ရဲ့ကျောက်ကပ်ကိုရောင်းရန်ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

အယ်လ်မန်ဒိုဟာဖခင်တစ်ယောက်ရဲ့နက်ရှိုင်းတဲ့မေတ္တာကိုဖော်ပြပေးခဲ့တာကြောင့်ပရိသတ်တွေအံ့သြလေးစားခဲ့ကြရတာပဲဖြစ်ပါတယ်။

နိုင်ငံဂုဏ်ဆောင်တိုက်ကွမ်ဒိုချန်ပီယံဟောင်းတစ်ယောက်ဖြစ်တဲ့အယ်လ်မန်ဒိုကတော့အနာဂတ်မှာဝင်ငွေကောင်းမွန်နိုင်ရန်အတွက် တိုက်ကွမ်ဒိုနည်းပြအဖြစ် အသက်မွေးဝမ်းကျောင်းပြုသွားဖို့အစီအစဉ်ရှိထားတယ်လို့လဲသိရပါတယ်။

REF - Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။